ဝူဟန်မြို့မှာ တစ်လကျော်အတွင်း ဗိုင်းရပ်စ်ပိုး ပထမဦးဆုံး ကူးစက်ခံရသူရှိကြောင်း ထုတ်ပြန်

၁၀ မေ

 

တရုတ်နိုင်ငံ ဝူဟန်မြို့မှာ တစ်လကျော်အတွင်း ပထမဦးဆုံး ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ခံရသူကို တွေ့ရှိကြောင်း တနင်္ဂနွေနေ့က ထုတ်ပြန်ကြေညာပါတယ်။ 

 

တစ်နိုင်ငံလုံးမှာ ၁၀ ရက်အတွင်း ဗိုင်းရပ်စ်ပိုး ကူးစက်ခံရသူ ၁၄ ဦးရှိကြောင်း တရုတ်နိုင်ငံအမျိုးသား ကျန်းမာရေးဌာနရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ နှစ်ဦးကတော့ နိုင်ငံခြားကနေ ရောက်ရှိလာသူတွေဖြစ်ပြီး တစ်လနီးပါးအတွင်းမှာ သေဆုံးသူမရှိကြောင်း ထုတ်ပြန်ချက်မှာ အသေးစိတ် ဖော်ပြထားပါတယ်။ 

 

ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလက စက်မှုနဲ့ သယ်ယူပို့ဆောင်ရေးမြို့ဖြစ်တဲ့ ဝူဟန်မြို့ကနေ စတင်ပျံ့နှံ့ခဲ့တဲ့ ကိုရိုနာဗိုင်းရပ်စ်ပိုးဟာ ကမ္ဘာတစ်ဝန်းရှိ လူ ၄ သန်းနီးပါး ကူးစက်ခံရပြီး လူပေါင်း ၂၇၀,၀၀၀ ကျော်သေဆုံးခဲ့ပါတယ်။ ဒါ့အပြင့် ကမ္ဘာ့စီးပွားရေးဟာလည်း ယိမ်းယိုင်ခဲ့ရပါတယ်။

 

MDN

ကိုးကား - AFP