ဝန်းသိုမြို့နယ်၊ ညောင်အင်းကျေးရွာတွင် (VDP) စီမံကိန်းရန်ပုံငွေဖြင့် ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ရာနှုန်းပြည့်ပြီးစီး

ဝန်းသို ၉ ဇွန် 


စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ်၊ ညောင်အင်းကျေးရွာတွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ (VDP) ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်းဖြင့် ကျေးရွာလူထုကိုယ်တိုင် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သော ရွာတွင်းလမ်းများ ကွန်ကရစ်ခင်းခြင်းလုပ်ငန်းမှာ ရာနှုန်းပြည့်ပြီးစီးပြီဖြစ်ကြောင်း မြို့နယ်ဦးစီးမှူး ဦးမြတ်မျိုးထွန်းထံမှ သိရသည်။


ညောင်အင်းကျေးရွာတွင်း လမ်း အရှည်ပေ ၁၂၀၀၊ အကျယ် ၁၂ ပေ၊ ထု ၆ လက်မရှိ ကွန်ကရစ် လမ်းခင်းခြင်းလုပ်ငန်းကို (VDP) စီမံကိန်းထောက်ပံ့ငွေကျပ် သိန်း (၁၀၀)၊  ပြည်သူထည့်ဝင်ငွေ ကျပ် (၂၈) သိန်း  စုစုပေါင်း ငွေကျပ် (၁၂၈) သိန်းဖြင့် ဆောင်ရွက်ပြီးစီးခဲ့ခြင်းဖြစ်သည်။
ဝန်းသိုမြို့နယ်တွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ရင်းနှီးမြုပ်နှံမှု အစီအစဉ် တစ်ရပ်အနေဖြင့် ကျေးရွာတစ်ရွာလျှင် ငွေကျပ်သိန်း(၁၀၀)စီ ထောက်ပံ့ကာ ကျေးရွာလူထုကိုယ်တိုင် ဆောင်ရွက်စေသော (VDP) ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်းကို ၂၀၂၀-၂၀၂၁ ခုဘဏ္ဍာရေးနှစ်အတွင်း ကျေးရွာပေါင်း ၂၃ ရွာတို့၌ အကောင်အထည်ဖော် ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။


ကျော်မြိုင် (ပြန်/ဆက်)