ဝန်းသို  ၃  မတ်

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ဝန်းသိုမြို့နယ် မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများတွင် တိုင်းဒေသကြီး စည်ပင်သာယာရေးကော်မတီမှ ထောက်ပံ့ပေးသော ဘိလပ်မြေများနှင့် ပြည်သူများထည့်ဝင်ငွေ စုပေါင်း၍ ကိုယ့်အားကိုယ်ကိုး ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

ထိုသို့ ဆောင်ရွက်မှုအနေဖြင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ဝန်းသိုမြို့နယ်အတွင်း ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ၂၈ ခု စုစုပေါင်း ပေ ၂၁၁၅၅ နှင့် တိုင်းဒေသကြီး စည်ပင်သာယာရေးကော်မတီက ဘိလပ်မြေအိတ် ၃၀၅၀ဝ အိတ် ထောက်ပံ့ပေးထားကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ သိရသည်။

 

ကျော်မြိုင် (ပြန်/ဆက်)

 

mdn