ဝန်းသိုမြို့၌ (၇၂)နှစ်မြောက် လွတ်လပ်ရေးနေ့အကြို အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲ ကျင်းပ

ဝန်းသို  ၂၃  ဒီဇင်ဘာ

(၇၂)နှစ်မြောက် လွတ်လပ်ရေးနေ့အကြို အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲကို ယနေ့ နံနက် ၁၀ နာရီက စစ်ကိုင်းတိုင်းဒေသကြီး၊ ဝန်းသိုမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေ ပြုဗဟိုဌာန၌ ကျင်းပသည်။

 

w2

 

ပြိုင်ပွဲတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခွင်ကြည်က ပြိုင်ပွဲပြုလုပ်ရသည့် ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး မြို့နယ်စာရေးဆရာအသင်း (အတွင်းရေးမှူး) စာရေးဆရာမကြီး ဒေါ်တင်ထားရီ (ထိပ်ထား-ဝန်းသို)က လွတ်လပ်ရေးနေ့ဖြစ်ပေါ်လာပုံ သမိုင်းအကြောင်းအရာများကို ကျောင်းသား ကျောင်းသူများအား အသိပညာပေးပြောကြားသည်။

 

w3

 

ထို့နောက် စာစီစာကုံးပြိုင်ပွဲကို ကျင်းပရာ အထက်တန်းဆင့် ကျောင်းသား၊ ကျောင်းသူ ၂၀ ဦးက "ဘိုးဘွားအမွေ ထိန်းသိမ်းစို့လေ" ခေါင်းစဉ်ဖြင့် ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ဆုရရှိသော ကျောင်းသား ကျောင်းသူများအား မြို့နယ် ပြန်/ဆက်ဦးစီးမှူးက ဆုများချီးမြှင့်ပေးအပ်ခဲ့သည်။

ကျော်မြိုင် (ပြန်/ဆက်)