ဝက်လက်မြို့၌ အောက်စီဂျင်စက်ရုံ လွဲပြောင်းပေးအပ်ပွဲ ကျင်းပ

mdn

ဝက်လက်   အောက်တိုဘာ   ၂၃

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်၊ အမှတ် ၁ ရပ်ကွက်၌ တည်ဆောက်ထားသော အောက်စီဂျင်စက်ရုံကို အောက်တိုဘာ ၂၃ ရက် နံနက်ပိုင်းက သံဃာတော် အရှင်သူမြတ်များအား အရုဏ်ဆွမ်း ဆပ်ကပ်လှူဒါန်းပြီး လွဲပြောင်းပေးအပ်ခဲ့သည်။

အောက်စီဂျင်စက်ရုံကို သြဂုတ် ၆ ရက်တွင် စတင်တည်ဆောက်ခဲ့ပြီး အောက်တိုဘာ၂၀ ရက်တွင် လည်ပတ်ခဲ့ကာ အောက်တိုဘာ ၂၃ ရက်တွင် ဝက်လက်မြို့နယ် အောက်စီဂျင်စက်ရုံ တည်ဆောက်ရေး ကော်မတီဝင်များက အောက်ဆီဂျင်စက်ရုံ လည်ပတ်ရေးကော်မတီ ဥက္ကဋ္ဌထံ လွဲပြောင်းပေးအပ်ခြင်း ဖြစ်သည်။

စက်ရုံတည်ဆောက်ရာတွင် ကျပ်သိန်းပေါင်း ၁၀၀၀ ကျော်ကုန်ကြခဲ့ပြီး ဒေသခံပြည်သူများနှင့် အခြား မြို့များမှ ဝက်လက်မြို့နယ်သူ ၊ မြို့နယ်သားများက ပူးပေါင်းပါဝင်လှူဒါန်းခဲ့ခြင်းဖြစ်သည်။


စိုးစိုးလှိုင်(ဝက်လက်)