ဝါးခယ်မမြို့နယ် ဟင်္သာဒုံးကျေးရွာ၌ မြစ်ရေတိုက်စား၍ မြစ်ကမ်းပါးပြိုကျမှုဖြစ်ပွား

ဝါးခယ်မ အောက်တိုဘာ ၁၈

 

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ် ဟင်္သာဒုံးကျေးရွာတွင်‌ ယနေ့ နံနက် ၁၁ နာရီက ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် မြစ်ကမ်းပါးပြိုကျမှုဖြစ်ပွားခဲ့သဖြင့် နေအိမ်နှစ်လုံး ယာယီရွှေ့ပြောင်းခဲ့ရ ကြောင်း သိရသည်။

 

အဆိုပါကျေးရွာတွင် ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် မြစ်ကမ်းပါး အလျား(၄၀)ပေ၊ အနံ(၀) ပေခန့် ပြိုကျမှုဖြစ်ပွားခဲ့ရာ လူ၊ တိရိစ္ဆာန်နှင့် အဆောက်အဦများ ထိခိုက်မှုမရှိကြောင်း၊ မြစ်ကမ်းပါးအနီးတွင် နေထိုင်သော နေအိမ်()လုံးနှင့် မိသားစုဝင် ကျား (၅)ဦး၊ မ (၄)ဦး၊ စုစုပေါင်း (၉)ဦးတို့အား ရွှေလောင်းနယ်မြေ ရဲစခန်းမှ ရဲတပ်ဖွဲ့၀င်များ၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ရွာသားများက ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့ကြ‌ ကြောင်း သိရသည်။

 

ဟင်္သာဒုံးကျေးရွာအုပ်စုတွင် ဟင်္သာဒုံး၊ ကံစု၊ ငှက်စု၊ ကုလားကျွန်းသောင်၊ ကုလားကျွန်း၊ ကူးတို့ဆိပ်သောင်၊ အရှေ့သောင်တန်း စသည့် (၇)ရွာရှိပြီး ကျေးရွာအုပ်စုအတွင်း အိမ်ခြေ(၁၂၃၄)လုံး၊ အိမ်ထောင်စု (၁၂၄၉)စု၊ လူဦးရေ ကျား (၂၅၃၄)ဦး၊ မ (၂၆၆၁)ဦး၊ စုစုပေါင်း (၅၁၉၅)ဦး၊ ဟင်္သာဒုံးကျေးရွာတွင် အိမ်ခြေ(၁၈၈)လုံး၊ အိမ်ထောင်စု(၁၉၀)စု၊ လူဦးရေကျား(၃၇၅)ဦး၊ မ(၃၉၀)ဦး၊ ပေါင်း(၇၆၅)ဦး နေထိုင်ကြောင်းနှင့် ဟင်္သာဒုံး ကျေးရွာအုပ်စုသည် ဧရာဝတီမြစ်ကမ်းပါးတွင် တည်ရှိသောကြောင့် အလားတူ မြစ်ကမ်းပါးပြိုကျမှုများ ဖြစ်ပေါ်လေ့ရှိကြောင်း သိရသည်။

 

စောသန္တာဦး(ဝါးခယ်မပြန်/ဆက်)