ဥတ္တရသီရိမြို့နယ် ခုတင်(၅၀)ဆံ့ ပြည်သူ့ဆေးရုံ ပတ်ဝန်းကျင်သန့်ရှင်းသာယာရေး စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်

mdn

နေပြည်တော်   အောက်တိုဘာ   ၂၃

နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်ရှိ ခုတင်(၅၀)ဆံ့ ပြည်သူ့ဆေးရုံဝင်းအတွင်း သန့်ရှင်းသာယာရေး အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်ဆောင်ရွက်မှုဖြင့် အောက်တိုဘာ ၂၃ ရက် နံနက်ပိုင်းက စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခဲ့သည်။

ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးရဲမြတ်သိန်း၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဗိုလ်မှူးပြည့်ဖြိုးမင်းနှင့် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဝင်းလွင်တို့ ဦးဆောင်မှုဖြင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၊ တပ်မတော် ဗိုလ်ရွေးတပ်မှ တပ်ဖွဲ့ဝင်များ၊ မြို့နယ် စည်ပင်သာယာ အုပ်ချုပ်ရေးမှူးရုံးမှ ဝန်ထမ်းများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များနှင့် ကျန်းမာရေး ဝန်ထမ်းများက ဆေးရုံပြင်ပနှင့် ဆေးရုံဝင်းအတွင်းရှိ ချုံနွယ်ပေါင်းမြက်များ ခုတ်ထွင်ရှင်းလင်းခြင်း၊  အမှိုက်များ စနစ်တကျ ရှင်းလင်းဆောင်ရွက်ခြင်းနှင့် ဆေးရုံဝင်းအတွင်းအပြင် သန့်ရှင်းရေး လုပ်ငန်းများကို စုပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကျော်စွာဟိန်း(ပြန်/ဆက်)