တတိယအကြိမ် မဲခေါင်-လန်ချန်း မြစ်ဝှမ်းဒေသခွဲနိုင်ငံများ သတင်းပြန်ကြားရေးအရာရှိနှင့် သတင်းစာဆရာ မွမ်းမံသင်တန်းကို ယူနန်နေ့စဉ်သတင်းစာတိုက်တွင် ကျင်းပ

ယူနန် ၂၂ ဇူလိုင်

 


Yunnan Daily Press Group ၏ အစီအစဉ်ဖြင့် တတိယအကြိမ် မဲခေါင်-လန်ချန်း မြစ်ဝှမ်းဒေသခွဲနိုင်ငံများ သတင်းပြန်ကြားရေးအရာရှိနှင့် သတင်းစာဆရာ မွမ်းမံသင်တန်းကို ယူနန်ပြည်နယ်၊ ကူမင်းမြို့ရှိ ယူနန်နေ့စဉ်သတင်းစာတိုက်တွင် ယနေ့နံနက်ပိုင်းက ဒေသစံတော်ချိန် ၉ နာရီခွဲတွင် ကျင်းပခဲ့သည်။

 


အခမ်းအနားတွင် Yunnan Daily Press Group မှ အယ်ဒီတာချုပ် H.E. Mr. Yang Run က အဖွင့်အမှာစကားပြောကြားခဲ့ပြီး ယူနန်နေ့စဉ်သတင်းဌာန၏ မဲခေါင်နိုင်ငံများ ဖွံဖြိုးတိုးတက်မှုအတွက် ဆောင်ရွက်နေမှုများကို ရှင်းလင်းခဲ့သည်။

 


ထို့နောက် သင်တန်းကို စတင်ကျင်းပရာ မြန်မာနိုင်ငံ၊ လာအိုနိုင်ငံ၊ ထိုင်းနိုင်ငံနှင့် ကမ္ဘောဒီးယားနိုင်ငံများမှ သတင်းစာဆရာ စုစုပေါင်း ၁၆ ဉီး တက်ရောက်လျက်ရှိသည်။

 


စုဝဏ္ဏ၊ စုရည်

 

grg