တရုတ်နိုင်ငံသည် ကမ္ဘောဒီးယားနှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများအတွက်  ကြီးမားသည့် ဈေးကွက်တစ်ခုဟု ကမ္ဘောဒီးယားဝန်ကြီးချုပ် ပြောကြား

 

 

ဖနောင်ပင်၊ မတ် ၂၃

 

တရုတ်နိုင်ငံသည်  ကမ္ဘောဒီးယားနှင့်  အခြားအာဆီယံ အဖွဲ့ဝင်နိုင်ငံများအတွက်   ကြီးမားသည့် ဈေးကွက်တစ်ခုဖြစ်ကြောင်း ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်က ယမန်နေ့တွင် ပြောကြားသည်။

 

တရုတ်နိုင်ငံက ယခုကဲ့သို့ ကြီးမားသည့်ဈေးကွက်အဖြစ် ရပ်တည်နိုင်ရန် ကမ္ဘောဒီးယား-တရုတ် လွတ်လပ်စွာကုန်သွယ်မှု ဆိုင်ရာသဘောတူညီချက်  (CCFTA) နှင့် ဒေသတွင်းလွတ်လပ်စွာ ကုန်သွယ်မှုဆိုင်ရာ သဘောတူညီချက်(RCEP)တို့က များစွာပံ့ပိုးပေးခဲ့ကြောင်းနှင့် တရုတ်ဈေးကွက်သည် အာဆီယံနိုင်ငံများအတွက်   အကျိုးကျေးဇူး များစွာရှိခဲ့ကြောင်းလည်း ၎င်းက ဖြည့်စွက်ပြောကြားသည်။

 

လက်ရှိအချိန်တွင်   တရုတ်နိုင်ငံက   ကိုဗစ်-၁၉ ဆိုင်ရာ မူဝါဒကို ပြင်ဆင်သတ်မှတ်ခဲ့သည့်အတွက် ကမ္ဘောဒီးယားနိုင်ငံနှင့် အာဆီယံနိုင်ငံများသို့ တရုတ်ခရီးသည်များ ခရီးသွားလာမှု ပြန်လည် များပြားလာမည်ဖြစ်ကြောင်း  ဟွန်ဆန်က ထပ်လောင်းပြောကြားသည်။

 

ကိုးကား - ခမာတိုင်းစ်၊

ဘာသာပြန် - စိုးသူရ