တရုတ်ကုမ္ပဏီထုတ် ကာကွယ်ဆေးဟာ ၅၀ ရာခိုင်နှုန်း အစွမ်းထက်ကြောင်း ဘရာဇီးနိုင်ငံတွင် စမ်းသပ်သုတေသနဌာနထုတ်ပြန်

၁၃ ဇန်နဝါရီ

 

ဘရာဇီးနိုင်ငံမှာ တရုတ်ကုမ္ပဏီထုတ် Coronavac ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးအား စမ်းသပ်ရာမှ ၅၀ ရာခိုင်နှုန်း အစွမ်းထက်ကြောင်း အင်္ဂါနေ့က ထုတ်ပြန်ကြေညာပါတယ်။

 

CoronaVac ကာကွယ်ဆေးအား ကျန်းမာရေးဝန်ထမ်းတွေနဲ့ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ ၁၂,၅၀၀ အား ထိုးနှံပေးခဲ့ပါတယ်။ ထိုးနှံပေးသူတွေမှာ သိသာတဲ့ဘေးထွက်တုံ့ပြန်မှုမျိုး မတွေ့ရှိခဲ့ကြောင်း သိရပါတယ်။

 

ဘရာဇီး သုတေသနဌာ Butantan ရဲ့ ပြီးခဲ့တဲ့ သီတင်းပတ် ထုတ်ပြန်ချက်ရ မပြင်းထန်တဲ့   ဗိုင်းရပ်စ်ရောဂါလက္ခဏာ ရှိသူတွေအတွက် ၇၈ ရာခိုင်နှုန်း စွမ်းထက်ပြီး ရောဂါလက္ခဏာ အလယ်အလတ်ကနေ အဆိုးဆုံး ခံစားနေရသူတွေအတွက် ၁၀၀ ရာခိုင်နှုန်း အစွမ်းထက်ကြောင်း ပါရှိတယ်။

 

ကာကွယ်ဆေးဟာ ယေဘုယျအားဖြင့် ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုး ကူးစက်ခံနေသူအတွက် ၅၀ ရာခိုင်နှုန်းသာ အစွမ်းထက်ကြောင်း၊ ကာကွယ်ဆေးဟာ ဘေးအန္တရာယ်မရှိကြောင်းအမှတ်ပေးနိုင်တဲ့အတွက် အရေးပေါ်အသုံးပြုနိုင်ကြောင်း Butantan ရဲ့ ဒါရိုက်တာက ပြောပါတယ်။ 

 

တရုတ်ဆေးကုမ္ပဏီထုတ် ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေး နှစ်မျိုးဖြစ်တဲ့ Sinovac ကာကွယ်ဆေးနဲ့ CoronaVac ကာကွယ်ဆေးတို့ဟာ ဘရာဇီးအစိုးရဆီမှာ အသုံးပြုခွင့်ပေးရန် စောင့်ဆိုင်းနေပါတယ်။

 

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ရဲ့ သတ်မှတ်ချက်အရ CoronaVac ကာကွယ်ဆေးဟာ အများဆုံး ၅၀ ရာခိုင်းနှုန်း အစွမ်းထက်တယ်လို့ သိရပါတယ်။ Moderna ဆေးဟာ ၉၄ ရာခိုင်နှုန်းနဲ့ Pfizer/BioNTech ဆေးဟာ ၉၅ ရာခိုင်နှုန်း အစွမ်းထက်တဲ့အတွက် ဒီဆေးတွေရဲ့နောက်မှာ CoronaVac ကာကွယ်ဆေးက ရှိနေတယ်လို့ ဆိုရမှာဖြစ်ပါတယ်။

 

ဆာပါလို ပြည်နယ်ရှိ ၁၂ သန်းသော လူထုအား ဇန်နဝါရီ ၂၅ ရက်နေ့စပြီး ဗိုင်းရပ်စ်ရောဂါကာကွယ်ဆေး ထိုးနှံပေးရန် ပြင်ဆင်ထားပါတယ်၊။ CoronaVac ကာကွယ်ဆေး အလုံးရေ ၁၀ ဒသမ ၇ သန်း ဘရာဇီးနိုင်ငံကို ရောက်ရှိနေပြီဖြစ်ပါတယ်။ နောက်ထပ် ဆေးအလုံးရေ သန်း ၄၀ ကိုလည်း ထပ်မံပေးဖို့ရှိကြောင်း သိရပါတယ်။

 

လူဦးရေ ၂၁၂ သန်း နေထိုင်တဲ့ ဘရာဇီးနိုင်ငံမှာ လူပေါင်း ၈ သန်းကျော်မှာ ရောဂါပိုးတွေ့ရှိပြီး ၂၀၃,၀၀၀ ကျော်သေဆုံးကြောင်း သိရပါတယ်။

         

MDN

ကိုးကား - AFP