တပ်မတော်ခန်းမ၌  Vietnam  Expo  In Myanmar 2019  ကုန်စည်ပြပွဲ ဖွင့်လှစ်

ဒဂုံ ၁၉  ဒီဇင်ဘာ                     

 

Vietnam  Expo    In    Myanmar   2019  ကုန်စည်ပြပွဲဖွင့်လှစ်မှုကို ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ်၊   တပ်မတော်ခန်းမ၌  ဗီယက်နမ်-မြန်မာနှစ်နိုင်ငံကြား  ကုန်သွယ်မှု ဖလှယ်နိုင်ရန်၊ အဆင့်မြင့် နည်းပညာများကို လေ့လာနိုင်ရန်နှင့် စီးပွားရေးလုပ်ငန်းများ ပိုမိုကောင်းမွန် လာစေရေးတို့အတွက် ရည်ရွယ်၍အရောင်းပြပွဲကို ကုမ္ပဏီ (၇၀) ကျော်တို့မှ ဆိုင်ခန်းပေါင်း(၁၀ဝ)တို့ဖြင့် ယနေ့နံနက် ၉ နာရီက စတင်ဖွင့်လှစ် ရောင်းချပြီးဖြစ်ကြောင်း  သိရသည်။

 

အဆိုပါ ကုန်စည်ပြပွဲတွင် ဗီယက်နမ်နိုင်ငံထုတ်လူသုံးကုန်ပစ္စည်းများဖြစ်သည့်အိမ်တွင်းအလှဆင် Home Decorationများ၊ ချည်ထည်များ၊ leather ပစ္စည်းများ၊  အမျိုးသား၊ အမျိုးသမီး Footwear များ၊  လယ်ယာနှင့် သစ်တောထွက် လုပ်ငန်းသုံး ထုတ်ကုန်ပစ္စည်းများ၊ လက်မှုပစ္စည်းများ၊ စားသောက်ကုန် များ၊Electronic အသုံးအဆောင်ပစ္စည်းများ၊  အမျိုးသား၊  အမျိုးသမီးဝတ်အထည်များ၊ Construction Materials နှင့် Medicals အစရှိသော ထုတ်ကုန်ပစ္စည်းများကိုပါ တွဲဖက် ပြသရောင်းချ ပေးလျက်ရှိကြောင်း သိရသည်။

 

ယင်းကုန်စည်ပြပွဲ ဖွင့်လှစ်မှုကို ဒီဇင်ဘာ ၁၉ ရက်မှ ၂၂ ရက်နေ့ထိ နေ့စဉ်နံနက် ၉ နာရီ မှ ညနေ ၅ နာရီ ထိ မည်သူမဆို အခမဲ့လေ့လာကြည့်ရှု ဝယ်ယူနိုင်ကြောင်း သိရသည်။

 

ဇာဖြူဝင်း(ပြန်/ဆက်)