တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား ဗီယက်နမ် ပြည်သူ့တပ်မတော်စစ်ဦးစီးအရာရှိချုပ်က ဂုဏ်ပြုတပ်ဖွဲ့ဖြင့်ကြိုဆို၊ တွေ့ဆုံဆွေးနွေး

နေပြည်တော်    ၁၉   ဒီဇင်ဘာ

           

ဗီယက်နမ်တပ်မတော်စစ်ဦးစီးအရာရှိချုပ် Senior Lieutenant General Phan Van Gaing ၏ ဖိတ်ကြားချက်အရ ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ၊ ဟနွိုင်းမြို့၌ ချစ်ကြည်ရေးခရီးရောက်ရှိနေသော တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား ယနေ့နံနက်ပိုင်းတွင် ဗီယက်နမ်နိုင်ငံ၊ ကာကွယ်ရေးဝန်ကြီးဌာန (K-2000) ၌ ဗီယက်နမ် ပြည်သူ့တပ်မတော်စစ်ဦးစီးအရာရှိချုပ် Senior Lieutenant General Phan Van Giang  က ဂုဏ်ပြုတပ်ဖွဲ့ဖြင့် ကြိုဆိုသည်။

 

4

           

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ဗီယက်နမ်ပြည်သူ့ တပ်မတော် စစ်ဦးစီးအရာရှိချုပ်တို့သည် ဗီယက်နမ်ကာကွယ်ရေးဝန်ကြီးဌာန၊ ဧည့်ခန်းမဆောင်၌ တွေ့ဆုံဆွေးနွေးကြသည်။

           

5

 

ထိုသို့တွေ့ဆုံရာတွင် နှစ်နိုင်ငံတပ်မတော် နှစ်ရပ်အကြား ပူးပေါင်းဆောင်ရွက်မှု နယ်ပယ်များတွင် အကြမ်းဖက်မှုနှိမ်နင်းရေး၊ ပင်လယ်ပြင် ကယ်ဆယ်ရေး၊ သဘာ၀ ဘေးအန္တရာယ်ကယ်ဆယ်ရေး၊ သတင်းအချက်အလက် အပြန်အလှန် ဖလှယ်ရေးများအပြင် အခြားနယ်ပယ်ကဏ္ဍပေါင်းစုံ၌ ကျယ်ကျယ်ပြန့်ပြန့် ပိုမိုပူးပေါင်းဆောင်ရွက်သွားမည့် အခြေအနေကို   ခင်မင်ရင်းနှီးစွာ ဆွေးနွေးကြသည်။

 

7

           

မွန်းလွဲပိုင်းတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်  ဦးဆောင်သည့်အဖွဲ့သည် Viettel  Group သို့သွားရောက်လေ့လာကြသည်။

           

ညနေပိုင်းတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းမြို့ရှိ အမျိုးသားလွှတ်တော် အဆောက်အဦ ဧည့်ခန်းမ၌ ဗီယက်နမ်နိုင်ငံ၊ အမျိုးသားလွှတ်တော် ဥက္ကဌ Mrs. Nguyen Thi Kim Ngan အား သွားရောက်တွေ့ဆုံသည်။

 

1

           

အလားတူ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် ယနေ့နံနက်ပိုင်းတွင် ဗီယက်နမ် ကာကွယ်ရေးဝန်ကြီးဌာန၊ ဧည့်ခန်းမဆောင်၌ အမျိုးသားကာကွယ်ရေး ဝန်ကြီးဌာန ဝန်ကြီး General Ngo Xuan Lich နှင့်တွေ့ဆုံဆွေးနွေးသည်။

           

ထိုသို့တွေ့ဆုံရာတွင် နှစ်နိုင်ငံစစ်ဘက်ဆိုင်ရာနှင့် စက်မှုလုပ်ငန်းဆိုင်ရာ ကိစ္စရပ်များတွင် ပိုမိုပူးပေါင်း ဆောင်ရွက်သွားမည့် အခြေအနေ ၊ နှစ်နိုင်ငံ တပ်မတော် နှစ်ရပ်အကြား ကဏ္ဍစုံမြှင့်တင်ရေးဆိုင်ရာကိစ္စရပ်များ၊ တပ်မတော်ပိုင် စီးပွားရေးလုပ်ငန်း များ၌ ပူးပေါင်းဆောင်ရွက်နေသည့် အခြေအနေများနှင့် ပိုမိုတိုးတက်အောင် ဆောင်ရွက်သွားမည့် အခြေအနေများအား အပြန်အလှန်ဆွေးနွေးကြသည်။

           

ညနေပိုင်းတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဦးဆောင်သော မြန်မာ့တပ်မတော် ကိုယ်စားလှယ်အဖွဲ့အား ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းမြို့ရှိ Army Hotel၌ ဗီယက်နမ် ပြည်သူ့တပ်မတော်စစ်ဦးစီးအရာရှိချုပ် Senior Lieutenant General Phan Van Giang က ဂုဏ်ပြုညစာဖြင့် တည်ခင်းဧည့်ခံခဲ့ကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

 

(သတင်းစဉ်)