တပ်ကုန်း ဇူလိုင် ၉
ပြည်ထောင်စုနယ်မြေ နေပြည်တော်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် တပ်ကုန်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနအဖွဲ့၊ ရွှေမြို့တိုက်နယ်ကျန်းမာရေးဌာနတို့ ပူးပေါင်း၍ တီဘီရောဂါကင်းဝေးစေရေး ကွင်းဆင်းဆောင်ရွက်ခြင်းကို ဇူလိုင် ၇ ရက်က အောင်မြေရိပ်သာ ကျေးရွာအုပ်စု ဒယောက်ကူးကျေးရွာဓမ္မာရုံ၌ ကျန်းမာရေးအသိပညာပေး ဟောပြောခြင်း၊ ဓာတ်မှန်ရိုက်ပေးခြင်းနှင့် ဆေးကုသမှုများဆောင်ရွက် ပေးခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် ကျန်းမာရေးအသိပညာပေးဟောပြောပွဲသို့ တက်ရောက်သူ ၁၄၈ ဦး၊ X ray စစ်ဆေးသူ ၁၆၅ ဦး၊ တီဘီရောဂါ သံသယရှိသူ ၁၂ ဦး၊ သလိပ်ပိုးစစ်ဆေးသူပေါင်း ၁၂ ဦးတို့ကို စစ်ဆေးမှုများနှင့်ကုသမှုများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
တင်စိုးလွင်


