တန့်ယန်းမြို့နယ်တွင် ဒီဇင်ဘာ လူထုအားကစားလ ဖူဆယ်ပြိုင်ပွဲကျင်းပ

တန့်ယန်း  ၁၉   ဒီဇင်ဘာ 

 

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့တွင် ဒီဇင်ဘာ လူထုအားကစားလ လှုပ်ရှားမှုအဖြစ် ဖူဆယ်ပြိုင်ပွဲကို ဒီဇင်ဘာလ ၁၈ ရက်နေ့မှ ၂၁ ရက်နေ့ထိ မြို့နယ် ပြည်ထောင်စု အားကစားကွင်းကြီး၌ ကျင်းပ ပြုလုပ်လျှက်ရှိသည်။

 

အဆိုပါ ဖူဆယ်ပြိုင်ပွဲသို့ မြို့နယ်အတွင်းမှ ကလပ်အသင်းပေါင်း ခုနှစ်သင်းတို့က အုပ်စု(နှစ်စု) ခွဲကာ ပါဝင်ယှဉ်ပြိုင်နေကြပြီး ပြိုင်ပွဲများကို ဒီဇင်ဘာလ ၁၈ ရက်နေ့မှ ၂၁ ရက် စနေနေ့ထိ ကျင်းပသွား မည်ဖြစ်ပြီး ဆုဖလားနှင့် ဆုတံဆိပ်များကို ပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဦးလှမျိုးမြင့်၏ ပြောပြချက်အရ သိရသည်။

 

မင်းလွင်ဦး(ပြန်/ဆက်)