တွန်းဇံမြို့နယ်အတွင်း Rapid Test Kit ဖြင့် ကိုဗစ်-၁၉ ရောဂါ ရှိ/မရှိ စစ်ဆေးရာ ၃၃ ဦး ထပ်မံတွေ့ရှိ

တွန်းဇံ၊ ၂ ဇွန်

 

ချင်းပြည်နယ်၊ တွန်းဇံမြို့နယ်အတွင်းရှိ တွန်းဇံပြည်သူ့ဆေးရုံနှင့် ကျီးခါးတိုက်နယ်ဆေးရုံတွင် ဇွန် ၂ ရက်တွင် Rapid Test Kit ဖြင့် ကိုဗစ်-၁၉ ရောဂါ ရှိ/မရှိ စစ်ဆေးရာ ကိုဗစ်-၁၉ ရောဂါပိုး ၃၃ ဦး ထပ်မံတွေ့ရှိကြောင်း သိရသည်။

 

ဇွန် ၂ ရက်က တွန်းဇံမြို့ ပြည်သူ့ဆေးရုံ၊ ပြင်ပလူနာဌာနတွင် လာရောက်ပြသသူ ၄၇ ဦးအနက် အမျိုးသား ၁၃ ဦးနှင့် အမျိုးသမီး ၈ ဦးတို့တွင် Covid-19 Positive တွေ့ရှိခဲ့ပြီး ကျီးခါးမြို့ တိုက်နယ်ဆေးရုံ ပြင်ပလူနာဌာနတွင် လာရောက်ပြသသူ ၅၁ ဦးအနက် အမျိုးသား ၈ ဦးနှင့် အမျိုးသမီး ၄ ဦးတွင် Covid-19 Positive တွေ့ရှိခဲ့ကြောင်း သိရသည်။

 

မေ ၂၇ ရက်မှ စတင်ပြီး Rapid Test Kit ဖြင့် Covid-19 ရောဂါ ရှိ/မရှိ စတင်စစ်ဆေးခဲ့ရာတွင် တွန်းဇံမြို့ ပြည်သူ့ဆေးရုံတွင် Covid-19 Positive တွေ့ရှိသူ အမျိုးသား ၄၀ နှင့် အမျိုးသမီး ၄၃ ဦး စုစုပေါင်း ၈၃ ဦး၊ ကျီးခါးမြို့ တိုက်နယ်ဆေးရုံတွင် အမျိုးသား ၄၈ ဦးနှင့် အမျိုးသမီး ၃၆ ဦး စုစုပေါင်း ၈၄ ဦး Covid-19 Positive တွေ့ရှိခဲ့ကြသည်။

 

တွန်းဇံမြို့နယ်တွင် Covid-19 Positive တွေ့ရှိသူ အမျိုးသား ၈၈ ဦးနှင့် အမျိုးသမီး ၇၉ ဦး စုစုပေါင်း ၁၆၇ ဦးအထိ ရှိလာပြီး Covid-19 Positive ဖြင့်သေဆုံးသူ ၂ ဉီးရှိကြောင်း သိရသည်။

 

ဝေဖြိုး(ဇလပ်မြေ)