တမူးမြို့နယ်၌ ကျောင်းသား ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံ

တမူး   အောက်တိုဘာ   ၂၃

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့နယ်တွင် အသက် ၁၂ နှစ်အထက် ကျောင်းသား ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းကို အောက်တိုဘာ ၂၃ ရက် နံနက် ၈ နာရီမှစ၍ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း၌ ထိုးနှံပေးခဲ့သည်။

ကာကွယ်ဆေး ထိုးနှံပေးရာတွင် မြို့နယ်အတွင်းရှိ အခြေခံပညာ အလယ်တန်းကျောင်းနှင့် အထက်တန်းကျောင်းများမှ အသက် ၁၂ နှစ်အထက်ရှိ ကျောင်းသား ကျောင်းသူ ၁၅၀၀ အား ထိုးနှံပေးမည်ဖြစ်ပြီး ကာကွယ်ဆေးထိုးရန် ကျန်ရှိသူများကိုလည်း ဆက်လက် ထိုးနှံပေး သွားမည်ဖြစ်ကြောင်း သိရသည်။

ကျော်ကြီး(တမူး)