တိုက်ကြီးမြို့နယ်ရှိ အခြေခံပညာကျောင်းများတွင် ပိုးသတ်ဆေးဖျန်းခြင်းနှင့် သန့်ရှင်းရေးလုပ်ငန်းများ စုပေါင်းဆောင်ရွက်

တိုက်ကြီး   အောက်တိုဘာ   ၂၉

 

နိုဝင်ဘာ ရက်တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ် တော့မည်ဖြစ်ရာ ရန်ကုန်မြောက်ပိုင်းခရိုင်၊ တိုက်ကြီးမြို့နယ်ရှိ အခြေခံပညာကျောင်းများတွင် ကိုဗစ် - ၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး ပိုးသတ်ဆေးဖျန်းခြင်းနှင့် သန့်ရှင်းရေး လုပ်ငန်းများကို အောက်တိုဘာ ၂၉ ရက် နံနက်ပိုင်းမှစ၍ တာဝန်ရှိသူများက စုပေါင်းဆောင်ရွက်ခဲ့ကြသည်။

 

ထိုသို့ ဆောင်ရွက်ရာတွင် အောက်တိုဘာ ၂၉ ရက် နံနက် နာရီက တိုက်ကြီးမြို့နယ် ရှမ်းစုရပ်ကွက်ရှိ မြို့မ () အခြေခံပညာ အထက်တန်းကျောင်းခွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ကျော်စိုး ဦးဆောင်သော အဖွဲ့ဝင် ဦးမောင်မောင်လတ်၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးမျိုးထိုက်ဝင်းနှင့် ဝန်ထမ်းများ၊ ကျောင်းအုပ်ကြီးနှင့် ဆရာ၊ ဆရာမများ၊ ရှမ်းစုရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးမောင်မြင့်နှင့် ရာအိမ်မှူး၊ ဆယ်အိမ်မှူးများ၊ ရပ်ကွက်နေပြည်သူများ ပါဝင်သောအဖွဲ့က ကျောင်းအတွင်းအပြင်ရှိ သစ်ပင်ချုံနွယ်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ ရေစီးရေလာ ကောင်းမွန်စေရေး ရေမြောင်းများ တူးဖော်ခြင်းနှင့် အမှိုက်များစနစ်တကျ သိမ်းဆည်းစွန့်ပစ်ခြင်း လုပ်ငန်းများကို စုပေါင်းဆောင်ရွက်ခဲ့ကြသည်။ ထို့နောက် မုဒိတာပရဟိတအသင်းက ကိုဗစ် - ၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် ကျောင်းဆောင်များတွင် ပိုးသတ်ဆေးဖျန်းပေးခဲ့ကြောင်း သိရသည်။

 

တိုက်ကြီးမြို့နယ်တွင် အထက ၁၀ ကျောင်း၊ အထကခွဲ ၁၄ ကျောင်း၊ အလက ခြောက်ကျောင်း၊ အလကခွဲ ၁၅ ကျောင်း၊ မူလွန်ကျောင်း ၅၉ ကျောင်း၊ မူလတန်းကျောင်း ၂၀၃ ကျောင်း စုစုပေါင်း ၃၀၇ ကျောင်းနှင့် ကိုယ်ပိုင်ကျောင်း ၁၀ ကျောင်း၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း လေးကျောင်း စုစုပေါင်း ၃၂၁ ကျောင်းကို နိုဝင်ဘာ ရက်မှစ၍ ပြန်လည်ဖွင့်လှစ်သင်ကြားနိုင်ရေးအတွက် တာဝန်ရှိသူများက ဝိုင်းဝန်းကူညီဆောင်ရွက်ပေးလျက်ရှိသည်။

 

စန်းကလျာခိုင်(ပြန်/ဆက်)