တောင်တွင်းကြီး−ရွှေတောင် ၂၃၀ ကေဗွီ မဟာဓာတ်အားလိုင်း တည်ဆောက်ရာတွင် ပျက်စီးဆုံးရှုံးသည့် သီးနှံများအတွက် သီးနှံလျော်ကြေးပေးအပ် 

အောင်လံ ၁၈  ဒီဇင်ဘာ

အောင်လံမြို့နယ်တွင် တောင်တွင်းကြီး-ရွှေတောင် ၂၃၀ ကေဗွီမဟာဓာတ်အားလိုင်း တည်ဆောက်ရာတွင် ပါဝင်သော တောင်သူ(၅၈၄)ဦး၏ ပျက်စီးဆုံးရှုံးသည့် သီးနှံများအတွက် သီးနှံလျော်ကြေး ပေးအပ်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီက အောင်လံမြို့ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။

 

a28e

 

အခမ်းအနားတွင် မြို့နယ် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းသန်းမှ အမှာစကားပြောကြားပြီး ဓာတ်အားပို့လွှတ်ရေးစီမံကိန်း (တောင်ပိုင်း)၊ စီမံကိန်းမန်နေဂျာရုံး(၃)၊ ရွှေတောင်မြို့မှ ဒုတိယညွှန်ကြားရေးမှူး ဦးစိုးကျော်ဝေက တောင်တွင်းကြီး−ရွှေတောင် ၂၃၀ ကေဗွီမဟာဓာတ်အားလိုင်း တည်ဆောက်ရာတွင် ပါဝင်သော တောင်သူ ၅၈၄ ဦး၏ ပျက်စီးဆုံးရှုံးသည့် သီးနှံများအတွက် သီးနှံလျော်ကြေး ပေးအပ်ခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

ထို့နောက် တောင်သူများအား လျော်ကြေးများပေးအပ်ခဲ့ပြီး တက်ရောက်လာသော တောင်သူများ၏ကိုယ်စား ပြလို့ကျေးရွာနေ ရပ်မိရပ်ဖ ဦးအောင်စိုးက ကျေးဇူးတင်စကား ပြောကြားခဲ့သည်။

(မြို့နယ် ပြန်ဆက်)