တောင်သာမြို့နယ် အောက်ဆီဂျင်စက်ရုံအတွက် 100 KVA မီးစက်ပေးအပ်လှူဒါန်း

တောင်သာ   အောက်တိုဘာ   ၂၃

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ် အောက်ဆီဂျင်စက်ရုံအတွက် 100 KVA မီးစက် ပေးအပ်လှူဒါန်းပွဲကို အောက်တိုဘာ ၂၃ ရက် နံနက်ပိုင်းက တောင်သာဘိုးဘွားရိပ်သာ အမှတ်(၆)ရပ်ကွက် အောက်ဆီဂျင်စက်ရုံဝင်းအတွင်း၌ ကျင်းပသည်။

တောင်သာမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်ကုသရေးအတွက်လိုအပ်လျက်ရှိသော Oxygen Plant စက်ရုံအတွက် US-20500 $ (မြန်မာငွေကျပ်သိန်း ၄၅၀) တန်ဖိုးရှိ မီးစက် လှူဒါန်းပေးသော  Samscurb Myingyan Power Co. Ltd  အား မြို့နယ်ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီက ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ခဲ့သည်။

ကျော်မျိုးနိုင်(တောင်သာ)