တောင်အာဖရိကတွင် ကိုဗစ်-၁၉ နှင့် ဆက်စပ်ပြီး ထပ်မံသေဆုံးသူ ၂၂ ဦး ရှိ

၁၉ မေ

 

တောင်အာဖရိကနိုင်ငံတွင် ကိုဗစ်-၁၉ ထပ်မံကူးစက်ခံရသူ ၉၁၈ ဦး ရှိပြီး ယင်းရောဂါနှင့်ဆက်စပ်ပြီး ထပ်မံသေဆုံးသူ ၂၂ ဦး ရှိသည်။နိုင်ငံတစ်ဝှမ်းတွင် ကိုဗစ်-၁၉ ကူးစက်ခံရသူ အရေအတွက် ၁၆၄၃၃ ဦး ရှိပြီး သေဆုံးသူပေါင်း ၂၈၆ ဦး ရှိသည်။

 

ကိပ်ပြည်နယ်အနောက်ပိုင်းသည် နိုင်ငံတစ်ဝှမ်းတွင် ကိုဗစ်-၁၉ ကူးစက်မှု အများဆုံးဖြစ်ပွားရာနေရာဖြစ်ပြီး ကူးစက်ခံရသူ ၁၀၀၃၅ ဦး နှင့် သေဆုံးသူ ၁၆၆ ဦး ရှိသည်ဟု ကျန်းမာရေးဝန်ကြီး Zweli Mkhize က ပြောကြားခဲ့သည်။

 

နိုင်ငံတွင်း ယင်းရောဂါဖြစ်ပွားရာမှ ကျန်းမာရေးပြန်လည်ကောင်းမွန်လာသူ စုစုပေါင်း ၇၂၉၈ ဦး ရှိကြောင်း ၎င်းက ထပ်လောင်းပြောကြားသည်။

 

အဆိုပါ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု ဆက်လက်ဖြစ်ပွားနေသေးသော်လည်း နိုင်ငံအတွင်း အသွားအလာ ကန့်သတ် ထိန်းချုပ်မှုများ ဖြေလျှော့ရန် ပြင်ဆင်နေသည်ဟု Mkhize က ဆိုသည်။

 

နိုင်ငံတစ်ဝှမ်းရှိ ကန့်သတ်ထိန်းချုပ်မှုဆိုင်ရာ သတ်မှတ်ချက်များကို ဖြေလျှော့ရန်ပြင်ဆင်နေသဖြင့် အသက်အရွယ်ကြီးမြင့်သူများနှင့် သွေးတိုး၊ ဆီးချို၊ နှလုံးရောဂါရှိသူများ၊ အဝလွန်ခြင်းနှင့် အိပ်ချ်အိုင်ဗွီ ပိုးရှိသူများသည် ကိုဗစ်-၁၉ ထိတွေ့မှုကို ရှောင်ရှားရန် လိုအပ်ပြီး အထူး ကြိုတင်ကာကွယ်မှုပြုလုပ်ရမည်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို