တာလေ၌ ရာသီဥတုကောင်းမွန်ပြီး လယ်စပါးစိုက်တောင်သူများ စပါးစတင် ရိတ်သိမ်းလျက်ရှိ

တာလေ အောက်တိုဘာ ၂၀

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာလေမြို့တွင် ၂၀၂၁ ခုနှစ် စိုက်ပျိုးရာသီအတွင်း လယ်စပါးများအောင်မြင်ထွန်းကာ ရာသီဥတုကောင်းမွန်မှုရှိပြီး တောင်သူအချို့မှာ စက်တင်ဘာ စတုတ္ထပတ်မှစတင်၍ လယ်စပါးများစတင်ရိတ်သိမ်းလျက်ရှိကြောင်း သိရသည်။

၂၀၂၁ ခုနှစ်အတွင်း လယ်စပါးစိုက်ပျိုးချိန် ရာသီဥတုမှာ ဒေသ၏ရာသီဥတုနှင့် သဟဇာတရှိခဲ့ပြီး မိုးအဆက်မပြတ် ရွာသွန်းခြင်းကြောင့် လယ်မြေများမိုးရေလုံလောက်စွာရရှိသဖြင့် လယ်စပါးများကို စောလျင်စွာ စိုက်ပျိုးနိုင်ခဲ့ပြီး ယခင်နှစ်များထက် အောင်မြင်ဖြစ်ထွန်းမှုရှိကာ တစ်ဧကအထွက်နှုန်း မှာလည်း တိုးတက်လာမည်ဖြစ်ကြောင်း တောင်သူတစ်ဦးကပြောသည်။

တာလေမြို့တွင် ၂၀၂၁ ခုနှစ်အတွင်း လယ်စပါးစိုက်ပျိုးချိန် ရာသီဥတုကောင်းမွန်ပြီး မိုးရေလုံလောက်စွာရရှိသဖြင့် စပါးစိုက်ပျိုးမှု အောင်မြင်ဖြစ်ထွန်းကြောင်းနှင့် တာလေဒေသတွင် လယ်စပါးများကို စက်တင်ဘာ စတုတ္ထပတ်မှစတင် ရိတ်သိမ်းနေပြီဖြစ်ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)