တာချီလိတ်မြို့တွင် Rapid Test Kit ဖြင့်  ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ လာရောက်စစ်ဆေးသူ (၅၉)ဦးရှိ

တာချီလိတ် စက်တင်ဘာ  ၁၇
                                                                                                                                                         
ရှမ်းပြည်နယ်အရှေ့ပိုင်း၊  တာချီလိတ်မြို့ရှိ  ပြည်သူ့ဆေးရုံအသစ်နှင့် ဆေးရုံအဟောင်း နေရာများ၌ ခရိုင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းကော်မတီမှ ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်၊ စည်းကမ်းချက်များနှင့်အညီ  ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ Rapid Test Kit စနစ်ဖြင့်  နေ့စဉ် နံနက်(၉)နာရီမှ ညနေ(၃)နာရီအထိ စစ်ဆေးဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့ တွင်  လာရောက်စစ်ဆေးမှုခံယူခဲ့သူ (၅၉)ဦးရှိကြောင်း သိရသည်။

ထိုသို့ ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ စစ်ဆေးမှုခံယူခဲ့သူ(၅၉)ဦးမှ စစ်ဆေးချက်အဖြေအရ ရောဂါပိုး ထပ်မံတွေ့ရှိခဲ့သည့် အတည်ပြုလူနာ အမျိုးသမီး နှစ်ဦးရှိကြောင်းနှင့် ၎င်းတို့ကို တာချီလိတ်မြို့ရှိ အားကစားရုံစင်တာနှင့် တာလေမြို့ရှိ မိုင်းလင်းစင်တာများ၌ သီးခြားထားရှိကာ အသွားအလာ ကန့်သတ်စောင့်ကြည့်၍  ကျန်းမာရေးစောင့်ရှောက်မှုများ ပေးလျက်ရှိကြောင်း သိရသည်။

တာချီလိတ်မြို့တွင် ယနေ့အချိန်အထိ ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့ရှိ အတည်ပြုလူနာ (၂၆၃၉)ဦးထိရှိပြီး ကျန်းမာရေးပြန်လည် ကောင်းမွန်လာ၍ ဆေးရုံဆင်းခွင့်ရရှိသူ(၂၄၄၇)ဦးရှိကာ သေဆုံးသူ(၉၅)ဦးရှိကြောင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းကော်မတီထံမှ သိရှိရသည်။

ဇင်ဇင်(ပြန်/ဆက်)