ထိုင်ဝမ်၌ ဒေသတွင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသည့် လူနာတစ်ဦးတွေ့ရှိကြောင်း ကြေညာ

၂၂ ဒီဇင်ဘာ

 

 

ထိုင်ဝမ်မှာ ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုး ဒေသတွင်းကူးစက်ခံရသူ ပထမဆုံးတစ်ယောက်အား ရက်ပေါင်း ၂၅၃ ရက်အတွင်းမှာ စတင်တွေ့ရကြောင်း ဒီနေ့ (အင်္ဂါနေ့) မှာ ထုတ်ပြန်ကြေညာပါတယ်။

 

 

ကျန်းမာရေးဌာနရဲ့ တာဝန်ရှိသူတွေက ရောဂါပိုးတွေ့ရှိသူ အမျိုးသမီးဟာ အသက် ၃၀ ကျော်အရွယ်ဖြစ်ပြီး နိုင်ငံခြားကို ပျံသန်းတဲ့ ထိုင်ဝမ်လေကြောင်းလိုင်းက လေယာဉ်မှူးနဲ့ ထိစပ်သူဖြစ်ကြောင်း အတည်ပြုပြောကြားပါတယ်။

 

 

ထိုင်ဝမ်မှာ ကိုရိုနာဗိုင်းရပ်စ်ရောဂါ စတင်ချိန်ကစပြီး ပိုးတွေ့သူ ၇၇၀ နဲ့ သေဆုံး ၇ ဦးရှိပါတယ်။ ဧပြီ ၁၂ ရက်ကစပြီး ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ခံရသူမရှိကြောင်း သိရပါတယ်။

 

 

ထိုင်ဝမ်ကို ရောက်ရှိလာသူတိုင်း သီတင်းနှစ်ပတ် သီးသန့်စောင့်ကြည့်မှုအောက်မှာ နေထိုင်ရပြီး ပိုးမရှိကြောင်း ထောက်ခံစာရရှိရန် လိုအပ်တဲ့အတွက် ထိုင်ဝမ်မှာ ပိုးကူးစက်မှုမရှိအောင် ထိန်းသိမ်းနိုင်ခဲ့တာ ဒီဇင်ဘာ ၂၁ ရက်နေ့အထိလို့ ဆိုရမှာ ဖြစ်ပါတယ်။

 

 

နိုင်ငံခြားကို ပျံသန်းထားတဲ့ လေယာဉ်မှူးအားလုံးအား သီးသန့်စောင့်ကြည့်မှုအောက်မှာ သုံးရက်နေထိုင်ရန် လိုအပ်ကြောင်း ထုတ်ပြန်ကြေညာထားပါတယ်။

 

 

MDN

ကိုးကား - AFP