ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသား ၂၃၅ ဦး မြဝတီ အမှတ်(၂) ချစ်ကြည်ရေးတံတားမှ တစ်ဆင့် ဆက်လက်ဝင်ရောက်

မြဝတီ   ဒီဇင်ဘာ   ၂

 

ထိုင်းနိုင်ငံတွင် ရောက်ရှိနေပြီး နေရပ်ပြန်လိုသည့် မြန်မာနိုင်ငံသားများအား မြဝတီမြို့၊ မြန်မာ-ထိုင်း အမှတ်(၂) ချစ်ကြည်ရေးတံတားမှ တစ်ဆင့်  ပြန်လည်လက်ခံလျက်ရှိရာ  ဒီဇင်ဘာ ၁ ရက်တွင် ၂၃၅ ဦး ပြန်လည်ဝင်ရောက်ခဲ့သည်။

 

အဆိုပါ ပြန်လည်ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားများအား မြဝတီခရိုင် ဒုတိယအုပ်ချုပ်ရေးမှူး ဦးအောင်ချမ်းငြိမ်းနှင့် တာဝန်ရှိသူများက ကြိုဆိုကြပြီး သက်ဆိုင်ရာ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့်  တာဝန်ရှိသူများက ကိုဗစ်-၁၉ ရောဂါ ဆိုင်ရာများ အသိပညာပေးခြင်း၊  ပြန်လည်ဝင်ရောက်လာသူများ၏ အချက်အလက်များ ကောက်ယူခြင်း၊ မြဝတီမြို့ရှိ သက်ဆိုင်ရာ အသွားအလာ ကန့်သတ်စောင့်ကြည့်ရေး စခန်းများသို့ ပို့ဆောင်ပြီး ကျန်းမာရေးဌာနမှ ကိုဗစ်-၁၉ ရောဂါပိုး ရှိ မရှိ စစ်ဆေးဆောင်ရွက်ခြင်းနှင့် သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ်များသို့ ပြန်လည်ပို့ဆောင်ပေးခြင်းများကို ဆောင်ရွက်ပေးခဲ့သည်။

 

အလားတူ ဒီဇင်ဘာ ၁ ရက်တွင် ပြန်လည်ဝင်ရောက်လာသူ အမျိုးသား ၁၂၃ ဦး၊ အမျိုးသမီး ၁၁၂ ဦး စုစုပေါင်း ၂၃၅ ဦးရှိကြောင်း သိရသည်။

 

မန်းသန်းရွှေမြင့်(ပြန်/ဆက်)