ဗန်ကောက် မတ် ၁၆

 

ထိုင်းနိုင်ငံ ဗန်ကောက်မြို့၌ တည်ဆောက်ဆဲ တံတားတစ်စင်း၏ ကွန်ကရစ်ရက်မပြိုကျခဲ့ရာ အနည်းဆုံး ငါးဦးသေဆုံးပြီး ၂၄ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း တာဝန်ရှိသူများက ယမန်နေ့တွင် ပြောကြားသည်။

 

ရာမ(၂)လမ်းအနီး တည်ရှိသည့် ၎င်းတံတား၏ ကွန်ကရစ်ရက်မပေါ်သို့ ဘိလပ်မြေလောင်းနေစဉ် နံနက် ၁ နာရီ ၄၈ မိနစ်တွင် ယခုမတော်တဆမှု ဖြစ်ပွားခြင်းဖြစ်သည်။ တံတားရက်မပေါ်သို့ ဘိလပ်မြေလောင်းရာတွင် ပမာဏများပြားသွားခြင်းကြောင့် ရက်မပြိုကျခဲ့ခြင်း ဖြစ်သည်ဟု တာဝန်ရှိသူများ က ပြောကြားသည်။

 

လက်ရှိအချိန်တွင် သဘာဝဘေးစီမံခန့်ခွဲရေးတာဝန်ရှိသူများက အသက်ရှင်ကျန်ရစ်သူများကို ရှာဖွေနေသည်။ ယခုဖြစ်ပွားသည့် မတော်တဆမှုတွင် သေဆုံးသူများအတွက် တစ်ဦးလျှင် လျော်ကြေးငွေ ဘတ်တစ်သန်းပေးအပ်ရန် တံတားတည်ဆောက်သည့် တာဝန်ရှိသူများအား ထိုင်းနိုင်ငံ အဝေးပြေးလမ်းမဆိုင်ရာ အာဏာပိုင်အဖွဲ့က ညွှန်ကြားခဲ့သည်။

 

ကွန်ကရစ်ရက်မပေါ်သို့ ဘိလပ်မြေလောင်းပြီးနောက် ကျယ်လောင်သည့်အသံကို ကြားခဲ့ရသည်ဟု လုပ်သားတစ်ဦး က ပြောကြားသည်။

 

ကိုးကား - ဆင်ဟွာ၊ ဘာသာပြန် - စိုးသူရ