ကမ္ဘာလှည့် ခရီးသွားဧည့်သည်များ ကိုယ်ပိုင်မော်တော်ဆိုင်ကယ်များဖြင့် လာရောက်လည်ပတ်လျက်ရှိ

ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနသည် ဟိုတယ်နှင့် ခရီးသွားကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေး၊ မြန်မာ နိုင်ငံသို့ လာရောက်လည်ပတ်သည့် နိုင်ငံတကာမှခရီးသွားဧည့်သည်များ လုံခြုံစိတ်ချစွာဖြင့် အဆင်ပြေ ချောမွေ့စွာ သွားရောက်လည်ပတ်နိုင်ရေးတို့ကို ဆောင်ရွက်လျက်ရှိသည်။
မင်းကွန်းဒေသမှ ပေါင်းမိုးလှည်း ဝန်ဆောင်မှုလုပ်ငန်း နှစ်ပေါင်း(၃၀)ကျော်လာ
မင်းကွန်းဒေသသို့ လာရောက်လည်ပတ်သော နိုင်ငံတကာ ခရိီးသွားဧည့်သည်များကို ပေါင်းမိုးလှည်း ဝန်ဆောင်မှုလုပ်ငန်းမှာလမ်းပန်းဆက်သွယ်ရေး မကောင်းခင်ကာလ မန္တလေး-မင်းကွန်း ပြေးဆွဲသော စက်လှေစီး ပြည်တွင်းခရီးသွားများကို လှည်းဖြင့်ကြိုဆိုခြင်းမှ စတင်ခဲ့ရာ လက်ရှိကာလအထိ ပေါင်းမိုးလှည်း ဝန်ဆောင်မှုလုပ်ငန်းမှာ နှစ်ပေါင်း (၃၀) ရှိပြီဖြစ်ပြီး လက်ရှိတွင် ပေါင်းမိုးလှည်း (၅)စီးဖြင့် ဝန်ဆောင်မှုပေးလျက်ရှိကြောင်း ပေါင်းမိုးလှည်းဆရာ ဦးဝင်းနိုင်က ပြေသည်။
ဘုရားတစ်ထောင် အကောက်တောင်နှင့် ဧရာဝတီမြစ်သဲသောင်များတွင် ဘုရားဖူးများ၊ ရေချိုးအပန်းဖြေသူများ စည်းကားလျက်ရှိ
ယခုနှစ် ဖေဖော်ဝါရီ ပထမပတ်မှစ၍ ပဲခူးတိုင်းဒေသကြီး ပန်းတောင်းမြို့နယ် ထုံးဘိုကျေးရွာရှိ ဘုရားတစ်ထောင် အကောက်တောင်သို့ ဘုရားဖူးလာသူများသည် ဧရာဝတီမြစ်အတွင်း သဲသောင်များပေါ်ရှိ အပန်းဖြေစခန်းများတွင် အပန်းဖြေ ရေချိုးသူများဖြင့် အထူးစည်ကားလျက်ရှိကြောင်း သိရသည်။