ကမ္ဘာ့အကြီးဆုံးစည်တော်ကြီးအား စစ်ကိုင်းမြို့သို့ စတင်ပင့်ဆောင်သယ်ယူ
စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် အင်းတော်မြို့နယ်၊ လက်ပံကုန်းကျေးရွာ ဆရာပွဲဗုံလုပ်ငန်းမှ လှူဒါန်းသော ကမ္ဘာ့အကြီးဆုံးစည်တော်ကြီး အဓိကဒုန္ဒုဘစည်တော်ကြီးအား မတ် ၁၇ ရက် နံနက် ၉နာရီတွင် စစ်ကိုင်းမြို့၊ ကောင်းမှုတော်စေတီတော်တွင်ထားရှိရန် အင်းတော်မြို့ အင်းမြသာယာအားကစားကွင်းမှ စတင်ပင့်ဆောင် သယ်ယူခဲ့ကြောင်းသိရသည်။






