သီတင်းကျွတ်လပြည့်ကျော် ၁ ရက်တွင်လည်း  နေပြည်တော်ရှိ အပန်းဖြေနေရာများတွင် လာရောက်လည်ပတ်ကြသူများဖြင့် စည်ကားလျက်ရှိ

ယနေ့သည် သီတင်းကျွတ်လပြည့်ကျော် ၁ ရက် ဖြစ်သော်လည်း အမျိုးသား အထိမ်းအမှတ်ဥယျာဉ် (နေပြည်တော်) နှင့် လှေခွင်းတောင် ရေဆိပ်တို့တွင် အနယ်နယ်အရပ်ရပ်မှ လာရောက်လေ့လာ အပန်းဖြေကြသူများဖြင့် စည်ကား များပြားလျက်ရှိသည်ကို တွေ့ရသည်။
သီတင်းကျွတ်ရုံးပိတ်ရက်တွင် ကယားပြည်နယ်သို့ ဘုရားဖူးဧည့်သည်များဖြင့် စည်ကားလျက်ရှိ
သီတင်းကျွတ်ရုံးပိတ်ရက်တွင် ကယားပြည်နယ်သို့ အနယ်နယ်အရပ်ရပ်မှ ဘုရားဖူး ခရီးသွား ဧည့်သည်များ၊ နိုင်ငံခြားခရီးသွားများ၊ မွေးရပ်မြေသို့ ပြန်လာကြသည့် ဒေသခံပြည်သူများ၊ ဖြင့် စည်ကားလျက် ရှိကြောင်း သိရှိရ
သီတင်းကျွတ်ကာလ၌ မြိတ်ကျွန်းစုရှိ ကျွန်းများသို့ ခရီးသွားဧည့်သည်များ ယခင်နှစ်ကထက် ပိုမိုလာရောက်လည်ပတ်ကြ
တနင်္သာရီတိုင်းဒေသကြီး မြိတ်ကျွန်းစုရှိ ကျွန်းများသို့ သီတင်းကျွတ်ကာလ၌ ပြည်တွင်းပြည်ပ ခရီးသွား ဧည့်သည်များ ယခင်နှစ်ကထက် ပိုမိုလာရောက်လည်ပတ်ခဲ့ကြပြီး သီတင်းကျွတ်လပြည့်နေ့၌ ကျွန်းအပန်းဖြေ ခရီး သွားရောက်လည်ပတ်ကြသူ ပိုမိုများပြားခဲ့
သီတင်းကျွတ်လပြည့် (အဘိဓမ္မာအခါတော်နေ့)တွင် မော်လမြိုင်မြို့ တောင်ရိုးတန်းရှိ တန်ခိုးကြီး ဘုရားများတွင် ကောင်းမှုကုသိုလ်ပြုသူများဖြင့် စည်ကား

မန္တလေးမြို့တွင် သီတင်းကျွတ်လပြည့်(အဘိဓမ္မာအခါတော်နေ့)၌ မြို့လုံးအနှံ့ ကောင်းမှုကုသိုလ်ပြုသူများဖြင့် အထူးစည်ကား
သီတင်းကျွတ်လပြည့်နေ့သည် နေ့ထူးနေ့မြတ်ဖြစ်သည်နှင့်အညီ မန္တလေးမြို့ရှိ တန်ခိုကြီးဘုရားများ၊ မြို့နယ်၊ ရပ်ကွက် အသီးသီးရှိ စေတီပုထိုးများနှင့် ဓမ္မာရုံများ၌ ပန်း၊ ရေချမ်း ဆီမီးကပ်လှူသူများ သီလခံယူဆောက်တည်ကာ ကုသိုလ်ကောင်းမှု ပြုသူများဖြင့် မြို့လုံးအနှံ့ အထူးစည်ကားလျက်ရှိသည်။
ဝါလကင်းလွတ် သီတင်းကျွတ်လပြည့်နေ့တွင် ရန်ကုန်မြို့ရှိ တန်ခိုးကြီးဘုရား၊ စေတီများ၌ ကုသိုလ်တရားပွားများသူများနှင့် ဘုရားဖူးလာပြည်သူများဖြင့် စည်ကားများပြား
ဝါလကင်းလွတ် သီတင်းကျွတ်တွင် ဝါကျွတ်ပွဲတော်ကျင်းပလေ့ရှိသည်။ မြတ်စွာ ဘုရားရှင်၏ ပညတ်တော်အရဝါဆိုလပြည့်ကျော် ၁ ရက်နေ့တွင် ပုရိမဝါဆိုတော် မူကြသော သံဃာတော်များသည် သီတင်းကျွတ်လပြည့်နေ့တွင် ဝါဆိုသည့် ကာလကုန်ဆုံးကာ မိမိတို့ကျောင်းအရပ်အတွင်း၌သာ
၁၃၈၁ ခုနှစ် သီတင်းကျွတ်လပြည့်နေ့ (အဘိဓမ္မာအခါတော်နေ့)တွင်နေပြည်တော်အတွင်းရှိ ဘုရားစေတီများ၌ ကုသိုလ်ဒါနပြုကြသူများနှင့် အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာပြည်သူများ စည်ကားလျက်ရှိ