မန္တလေးမြို့တွင် ကြာပန်းနှင့်ကိတ်မုန့် တစ်မျိုးတည်းဖြင့်သာ ထူးခြားစွာ ကပ်လှူပူဇော်ကြသည့် ဘုရားပွဲတော်များ တန်ဆောင်တိုင်လပြည့်နေ့တွင် အစဉ်အလာမပျက် ကျင်းပမည်
မန္တလေးမြို့တွင် ရာသီအလိုက်ကျင်းပသည့် တန်ဆောင်တိုင်ပွဲတော်နှင့်အပြိုင် ကိတ်မုန့်တစ်မျိုးတည်းဖြင့်သာ ထူးခြားစွာ ကပ်လှူ၍ ကျင်းပသည့် ရွှေစောလူးဘုရားပွဲတော်နှင့် ကြာပန်းတစ်မျိုးတည်းဖြင့်သာ ကပ်လှူပူဇော်ကျင်းပသည့် ရှင်မာလဲ ဘုရား ပွဲတော်များကို တန်ဆောင်မုန်းလပြည့်နေ့တွင် အစဉ်အလာမပျက် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။






