မောင့်ပယ်လီယာအသင်းကို နှစ်ဂိုးပြတ်နဲ့ ပီအက်စ်ဂျီအသင်း အနိုင်ရ
ပီအက်စ်ဂျီအသင်းဟာ ပြင်သစ်ပထမတန်းပွဲစဉ်(၈)အဖြစ် စက်တင်ဘာ ၂၅ ရက် ညပိုင်းက မောင့်ပယ်လီယာအသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့ရာ မောင့်ပယ်လီယာအသင်းကို နှစ်ဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့တာကြောင့် ရာသီအစ ရာနှုန်းပြည့်နိုင်ပွဲဆက်မှုကို ဆက်ထိန်းထားနိုင်ခဲ့ပြီ ဖြစ်ပါတယ်။






