ယခုနှစ်စီစဉ်ထားသည့် အာရှဖလား အမျိုးသမီးခြေစစ်ပွဲ ကျင်းပမည့်ရက် ပြန်လည်အတည်ပြုမည်

အာရှဘောလုံးအဖွဲ့ချုပ်သည် ယခုနှစ်အတွင်း ကျင်းပရန် စီစဉ်ထားသည့်အာရှဖလား အမျိုးသမီးခြေစစ်ပွဲကျင်းပမည့်ရက်များအား ပြန်လည်အတည်ပြု ထုတ်ပြန်မည်ဖြစ်သည်။ အာရှဘောလုံး အဖွဲ့ချုပ်သည် ယခုနှစ်အတွင်း အာရှဖလား အမျိုးသမီးဘောလုံးပြိုင်ပွဲ ခြေစစ်ပွဲသုံးခု ကျင်းပရန် စီစဉ်ထား ခြင်းဖြစ်သည်။
တိုကျိုအိုလံပစ် ဝင်ခွင့်ရရှိသည့် ကြက်တောင်ကစားသမားများကို ဇွန်လလယ်တွင် ထုတ်ပြန်မည်
ကမ္ဘာ့ကြက်တောင်အဖွဲ့ချုပ်သည် တိုကျိုအိုလံပစ်ပြိုင်ပွဲဝင်ခွင့်ရရှိသည့် ကြက်တောင်အားကစားသမား များကို ဇွန်လလယ်တွင် ထုတ်ပြန်ကြေညာမည်ဖြစ်သည်။ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် လက်ရည်စစ်ပွဲကာလကို အပြောင်းအလဲပြုလုပ်ခဲ့ရသဖြင့် ဝင်ခွင့်ရရှိသည့် ကစားသမားများကို ဇွန် ၁၅ ရက်မှသာ ထုတ်ပြန်ကြေညာခြင်းဖြစ်သည်။
စတန်းဖို့ဒ်ဘရစ်မှာ အာဆင်နယ်ကို ပထမအကျော့က ရှုံးကြွေး ချယ်ဆီး ပြန်ဆပ်သွားနိုင်မလား
ပရီမီယာလိဂ်ပွဲစဉ် (၃၆) အဖြစ် ချယ်ဆီး အသင်းနှင့် အာဆင်နယ်အသင်းတို့ ပွဲစဉ်ကို မေ ၁၃ ရက် နံနက် ၁ နာရီ ၄၅ မိနစ် တွင် စတန်းဖို့ဒ်ဘရစ်၌ ယှဉ်ပြိုင်ကစားကြမည်ဖြစ်သည်။
ပရီမီယာလိဂ်ပွဲစဉ် (၃၆) အဖြစ် မန်ယူနှင့် လက်စတာအသင်းတို့ ယှဉ်ပြိုင်ကစားမည်
ပရီမီယာလိဂ်ပွဲစဉ် (၃၆)အဖြစ် မန်ယူအသင်းနှင့် လက်စတာအသင်းတို့ပွဲစဉ်ကို မေ ၁၁ ရက် (ယနေ့) ည ၁၁ နာရီခွဲတွင် မန်ယူ အိမ်ကွင်း၌ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။
မြန်မာနောက်ခံလူ ဇော်မင်းထွန်း ပြည်ပကလပ်တွင် ဆက်လက်ကစားမည်
ထိုင်းကလပ် ဆူခိုထိုင်းအသင်းနှင့် စာချုပ်သက်တမ်းကုန်ဆုံးသွားသည့် မြန်မာ့ လက်ရွေးစင် နောက်ခံလူ ဇော်မင်းထွန်းသည် ပြည်ပကလပ်တွင်သာ ဆက်လက်ကစား မည်ဖြစ်သည်။
၂၀၂၃ အာရှဖလား တတိယအဆင့်ခြေစစ်ပွဲကို ယခုနှစ်အတွင်း ဆက်လက်ကျင်းပမည်
အာရှဘောလုံးအဖွဲ့ချုပ်သည် ဇွန်လတွင်ပြီးဆုံးမည့် ဒုတိယအဆင့် ခြေစစ်ပွဲအပြီးတွင် ၂၀၂၃ အာရှဖလား တတိယအဆင့်ခြေစစ်ပွဲကို ယခုနှစ်အတွင်း ဆက်လက်ကျင်းပသွားမည်ဖြစ်သည်။
ဗီလာကို အနိုင်ရပြီးနောက် ယခုနှစ်ရာသီ ပရီမီယာလိဂ် အဝေးကွင်း ရှုံးပွဲမရှိသေးတဲ့ မန်ယူ
ပရီမီယာလိဂ်ပွဲစဉ် (၃၅) မှ အက်စ်တွန်ဗီလာအသင်းနှင့် မန်ယူအသင်းတို့ပွဲစဉ်ကို မေ ၉ ရက် ညပိုင်းက အက်စ်တွန်ဗီလာအိမ်ကွင်း၌ ယှဉ်ပြိုင်ကစားခဲ့ရာ မန်ယူအသင်းက သုံးဂိုး-တစ်ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။