ကိုပါအီတာလီယာဖလား (၁၄) ကြိမ်မြောက် ဂျူဗင်တပ်စ်အသင်း ဆွတ်ခူးပြီး ပြင်သစ်ဖလားကို ပီအက်စ်ဂျီအသင်း (၁၄) ကြိမ်မြောက် ဆွတ်ခူးနိုင်ခဲ့

ကိုပါအီတာလီယာဖလား ဗိုလ်လုပွဲအဖြစ် မေ ၂၀ ရက် နံနက်ပိုင်းက အတ္တလန္တာအသင်းနှင့် ဂျူဗင်တပ်စ် အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ ဂျူဗင်တပ်စ်အသင်းက နှစ်ဂိုး-တစ်ဂိုးဖြင့် အနိုင်ရရှိပြီး (၁၄) ကြိမ်မြောက် ဆွတ်ခူးနိုင်ခဲ့သည်။
ကိုပါအီတာလီယာဖလား (၁၄) ကြိမ်မြောက် ဂျူဗင်တပ်စ်အသင်း ဆွတ်ခူးပြီး ပြင်သစ်ဖလားကို ပီအက်စ်ဂျီအသင်း (၁၄) ကြိမ်မြောက် ဆွတ်ခူးနိုင်ခဲ့

မြန်မာအသင်းနှင့် ၂၀၂၂ ကမ္ဘာ့ဖလားခြေစစ်ပွဲအတွက် နာမည်ကြီးကစားသမားများကို ဂျပန်အသင်း ရွေးချယ်ထား

၂၀၂၁ ဆီးဂိမ်းပြိုင်ပွဲ လှေလှော်အားကစားနည်းတွင် ရွှေဆု ၃၅ ခု ချီးမြှင့်မည်
မြန်မာလှေလှော်အဖွဲ့ ဝင်ရောက်ယှဉ်ပြိုင်ရန်စီစဉ်ထားသည့် ၂၀၂၁ (၃၁)ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲ၏ လှေလှော်အားကစားနည်းတွင် ရွှေတံဆိပ် စုစုပေါင်း ၃၅ ခု ချီးမြှင့်သွားမည်ဖြစ်သည်။
ဘာစီလိုနာအမျိုးသမီးအသင်း ချန်ပီယံလိဂ်ဖလား ဆွတ်ခူး
အမျိုးသမီးချန်ပီယံလိဂ် နောက်ဆုံးဗိုလ်လုပွဲစဉ်အဖြစ် မေ ၁၆ ရက် ညပိုင်းက ချယ်လ်ဆီး အမျိုးသမီး အသင်းနဲ့ ဘာစီလိုနာ အမျိုးသမီးအသင်းတို့ ယှဉ်ပြိုင် ကစားခဲ့ရာ ဘာစီလိုန၁အမျိုးသမီးအသင်းက လေးဂိုးပြတ်နဲ့ အနိုင်ရရှိပြီး အမျိုးသမီးချန်ပီယံလိဂ် ဖလားကို ပထမဆုံးအကြိမ် ရယူဆွတ်ခူးနိုင်ခဲ့ပါ တယ်။
အိုဆာဆူနာကို နောက်ကျဂိုးများဖြင့် အနိုင်ရရှိပြီး ချန်ပီယံဖြစ်ရန် နီးစပ်လာသည့် အေတီမက်
စပိန်လာလီဂါပွဲစဉ် (၃၇) အဖြစ် အမှတ် ပေးဇယားဦးဆောင်သူ အက်သလက်တီကို မက်ဒရစ်အသင်း နှင့် အိုဆာဆူနာအသင်းတို့ ပွဲစဉ်ကို မေ ၁၆ ရက် ညပိုင်းက ယှဉ်ပြိုင်ကစားခဲ့ရာ အက်သလက်တီကို မက်ဒရစ်အသင်းက နှစ်ဂိုး-တစ်ဂိုးဖြင့် အနိုင်ရရှိပြီး အမှတ်ပေးဖလားဆွတ်ခူးရန် လက်တစ်ကမ်း အလိုသို့ ရောက်ရှိလာခဲ့သည်။
၂၀၂၂ အာရှဖလား ယူ-၂၃ ခြေစစ်ပွဲ အုပ်စုမဲခွဲရန် ဆီဒင်သတ်မှတ်ချက်များ ထုတ်ပြန်
၂၀၂၂ အာရှဖလား ယူ-၂၃ ခြေစစ်ပွဲကို အောက်တိုဘာနောက်ဆုံးပတ်တွင် ကျင်းပမည်ဖြစ်ပြီး အာရှဘောလုံးအဖွဲ့ချုပ်သည် အုပ်စုမဲခွဲရန် ဆီဒင်သတ်မှတ်ချက်များ ထုတ်ပြန်လိုက်ပြီဖြစ်သည်။ ယင်းခြေစစ်ပွဲကို အောက်တိုဘာ ၂၃ ရက်မှ ၃၁ ရက်အထိ ကျင်းပမည်ဖြစ်သည်။