ဂျပန်တင်းနစ်မယ် နာအိုမီအိုဆာကာ ကမ္ဘာ့အဆင့် ၁၂ နေရာသို့ ဆင်းပေးခဲ့ရ
ဂျပန်တင်းနစ်မယ် နာအိုမီအိုဆာကာ ဟာ တင်းနစ်လောကရဲ့ ကမ္ဘာ့အဆင့်သတ်မှတ်ချက် ထိပ်ဆုံး ၁၀ ဦးစာရင်းထဲမှာ မပါဝင်တော့ဘဲ ကမ္ဘာ့အဆင့် ၁၂ နေရာကို သုံးနှစ်တာ ကာလအတွင်း ပထမဆုံးအကြိမ် ဆင်းပေးလိုက်ရပြီဖြစ်ပါတယ်။
ဗြိတိန်ဆယ်ကျော်သက်တင်းနစ်မယ် အမ်မာရာဒူကာနူ ကမ္ဘာ့အဆင့် ၂၂ နေရာသို့ တက်လှမ်း
ဗြိတိန်ရဲ့ အသက် ၁၈ နှစ်အရွယ် တင်းနစ်မယ် အမ်မာရာဒူကာနူဟာ ယခင်က ကမ္ဘာ့တင်းနစ်လောကရဲ့  အမျိုးသမီးအဆင့်သတ်မှတ်ချက် ၁၅၀ မှာ ရပ်တည်ခဲ့ရာကနေ လက်ရှိမှာ ကမ္ဘာ့အဆင့် ၂၂ နေရာကို တက်လှမ်းခွင့်ရရှိခဲ့ပြီ ဖြစ်ပါတယ်။
နေးရှင်းလိဂ်ပြိုင်ပွဲ ဆီမီးဖိုင်နယ်တွင် စပိန်အသင်း အီတလီကို နိုင်ပြီး ဗိုလ်လုပွဲတက်ရောက်
ယူအီးအက်ဖ်အေ နေးရှင်းလိဂ်ပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲစဉ်အဖြစ် အောက်တိုဘာ ၇ ရက် နံနက်ပိုင်းက နာမည်ကြီး အီတလီအသင်းနှင့် စပိန်အသင်းတို့ပွဲစဉ်ကို ဆန်စီယို အားကစားကွင်း၌ ယှဉ်ပြိုင်ကစားခဲ့ရာ စပိန်အသင်းက နှစ်ဂိုး- တစ်ဂိုးဖြင့် အီတလီအသင်းကို အနိုင်ရရှိပြီး နေးရှင်း လိဂ်ပြိုင်ပွဲ ဗိုလ်လုပွဲသို့ တက် လှမ်းနိုင်ခဲ့သည်။
အာရှရုံတွင်းနှင့် ကိုယ်ခံပညာပေါင်းစုံအားကစားပြိုင်ပွဲကို ထပ်မံရွှေ့ဆိုင်းရန် စီစဉ်နေ
ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ရွှေ့ဆိုင်းထားသည့် အာရှရုံတွင်းနှင့် ကိုယ်ခံပညာပေါင်းစုံ အားကစား ပြိုင်ပွဲကို ၂၀၂၃ ခုနှစ်သို့ ထပ်မံရွှေ့ဆိုင်းရန် စီစဉ်လျက်ရှိသည်။
တစ်ပတ်လုပ်ခ ပေါင်လေးသိန်းနဲ့ စာချုပ်သစ်ချုပ်ပြီး မန်ယူမှာပဲ ဆက်ကစားဖို့ ဆုံးဖြတ်လိုက်ပြီဖြစ်တဲ့ ပေါ့ဘာ
မန်ယူအသင်းကွင်းလယ်ကစားသမား ပေါ့ဘာဟာ တစ်ပတ်လုပ်ခလစာ ပေါင်လေးသိန်းနဲ့ စာချုပ်သစ် တစ်ရပ် ထပ်တိုးချုပ်ဆိုဖို့ ဆန္ဒရှိနေပြီး အိုးထရက်ဖို့ဒ်မှာပဲဆက်ကစားဖို့ ဆုံးဖြတ်လိုက်ပြီလို့ သိရပါတယ်။
ရွှေ့ဆိုင်းထားသည့် (၃၁)ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲကို ၂၀၂၂ ခုနှစ် မေလတွင် ပြန်လည်ကျင်းပရန် စီစဉ်
ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ရွှေ့ဆိုင်းထားသည့် (၃၁)ကြိမ်မြောက် အရှေ့တောင်အာရှအားကစား ပြိုင်ပွဲ (ဆီးဂိမ်း) ကို ၂၀၂၂ ခုနှစ် မေလတွင် ပြန်လည်ကျင်းပရန် စီစဉ်ဆောင်ရွက်လျက်ရှိသည်။