ဘိုင်ယန်မြူးနစ်အသင်း၊    ချယ်လ်ဆီးအသင်းနဲ့   လီဗာပူးအသင်းတို့ဟာ အောက်တိုဘာ ၂၂ ရက် ညပိုင်းက ယှဉ်ပြိုင်ကစားခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ ဂိုးပြတ်နိုင်ပွဲကိုယ်စီရရှိခဲ့ပါတယ်။

ဘိုင်ယန်မြူးနစ်အသင်းဟာ ကလပ်ဘရုဂ်ျအသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့ရတာဖြစ်ပြီး ဘိုင်ယန်မြူးနစ်အသင်းက လေးဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။

အဲဒီပွဲစဉ်မှာ ဘိုင်ယန်မြူးနစ်အသင်းအတွက် သွင်းဂိုးတစ်ဂိုးသွင်းယူနိုင်ခဲ့တဲ့ တိုက်စစ်မှူး ဟယ်ရီကိန်းဟာ ယခုဘောလုံးရာသီမှာ ဘိုင်ယန်မြူးနစ်အသင်းနဲ့အတူ ပြိုင်ပွဲစုံ ၁၂ ပွဲမှာ သွင်းဂိုး ၂၀ အထိရှိလာခဲ့ပြီဖြစ်ပါတယ်။

ချယ်လ်ဆီးအသင်းကတော့ အေဂျက်အသင်းကို ငါးဂိုး-တစ်ဂိုးနဲ့ အနိုင်ရရှိခဲ့တာဖြစ်ပြီး အဲဒီပွဲစဉ်မှာ ဧည့်သည်အဖြစ်လာရောက်ကစားခဲ့တဲ့ အေဂျက်အသင်းဟာ ပထမပိုင်းပွဲကစားချိန် ၁၇ မိနစ်မှာပဲ တစ်ယောက်လျော့နဲ့ကစားခဲ့ရတာဖြစ်ပါတယ်။

လီဗာပူးအသင်းဟာ ဖရန့်ဖက်အသင်းရဲ့ အိမ်ကွင်းမှာ ငါးဂိုး-တစ်ဂိုးနဲ့ အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။

အခြားသောပွဲစဉ်တွေမှာတော့ ဘီဘာအိုအသင်းက ကာရာဘတ်အသင်းကို သုံးဂိုး-တစ်ဂိုး၊ ရီးယဲလ်မက်ဒရစ်အသင်းက အီတလီစီးရီးအေကလပ် ဂျူဗင်တပ်အသင်းကို တစ်ဂိုး-ဂိုးမရှိ၊ ဂါလာတာစာရေးအသင်းက ဘိုဒိုအသင်းကို သုံးဂိုး-တစ်ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး အတ္တလန္တာအသင်းနဲ့ ဆလာဗီယာပရက် အသင်းတို့ပွဲစဉ်မှာ ဂိုးမရှိသရေ၊ မိုနာကိုအသင်းနဲ့ စပါးအသင်းတို့ပွဲစဉ်မှာ ဂိုးမရှိသရေ စသည်ဖြင့် ရလဒ်ထွက်ပေါ်ခဲ့တာဖြစ်ပါတယ်။

ငွေကြယ်