တနင်္သာရီမြို့နယ်၊ ရေဖြူရွာ၌ ကျောင်းကြိုယာဉ် တိမ်းမှောက် ကျောင်းသား တစ်ဦးသေဆုံး၊ ခြောက်ဦး ဒဏ်ရာရရှိ
မြိတ်ခရိုင် တနင်္သာရီမြို့နယ်၊ တမုတ်ချုန်းကျေးရွာအုပ်စု ရေဖြူရွာ-အခြေခံပညာမူလတ်း(လွန်)ကျောင်းမှ ကျောင်းသား/ ကျောင်းသူများအား ကျောင်းဆင်းလာကြိုသည့် မော်တော်ယာဉ် တိမ်းမှောက်မှုဖြစ်ပွားခဲ့ပြီး ကျောင်းသား တစ်ဦးသေဆုံးကာ ခြောက်ဦး ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။