အသက်(၁၅)နှစ်အရွယ် အမျိုးသမီးအား သားမယားအဖြစ် ပြုကျင့်ခဲ့သူသုံးဦးကို မြဝတီခရိုင်တရားရုံးက ထောင်ဒဏ် နှစ် ၂၀ စီ ပြစ်ဒဏ်ချမှတ်
ကရင်ပြည်နယ် မြဝတီမြို့တွင် အသက်(၁၅)နှစ်အရွယ် (ဉာဏ်ရည်မမီသူ) အမျိုးသမီးတစ်ဦးကို သားမယားအဖြစ်ပြုကျင့်၍ မြဝတီခရိုင်တရားရုံးက စစ်ဆေးနေသောအမှုမှ ပြစ်မှုကျူးလွန်သူသုံးဦးကို ဇန်နဝါရီ ၁၅ ရက်က ထောင်ဒဏ် နှစ် ၂၀ စီ အသီးသီး ပြစ်ဒဏ်ချမှတ်ခဲ့ကြောင်း သိရသည်။