ရှမ်းပြည်နယ်၊ သိန်းနီမြို့နယ်၊ နာတီးကျေးရွာ သိန်းနီ-ကွမ်းလုံသွား ကားလမ်း မိုင်တိုင် အမှတ်(၃၁)အနီး၌ ဇူလိုင် ၂၆ ရက် ညနေ ၄ နာရီ ၁၅ မိနစ်တွင် ၁၂ ဘီးယာဉ်နှင့် ဆိုင်ကယ်တို့တိုက်မိပြီး ဆိုင်ကယ်ပေါ်လိုက်ပါလာသူ ၅ ဦး သေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့ သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။