မြိတ်မြို့နယ်တွင် တန်ဖိုးငွေကျပ် သိန်း ၅၄၅၀ ရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

နေပြည်တော်၂၇ ဇူလိုင် 

မြိတ်မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇူလိုင် ၂၆ ရက် ညနေ ၅ နာရီတွင်  မြိတ်မြို့နယ်၊ ကလွင်ကျေးရွာအုပ်စု၊ တက္ကသိုလ်ရပ်ကွက်နေ စိုးမင်းခိုင်(ခ)အငယ်လေး၏ နေအိမ်ကို ရှာဖွေရာ ငွေကျပ်သိန်း ၅၄၅၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၉၃၀ဝ၀၊ အိုက်စ် ၂ ကီလို၊ လက်ကိုင်ဖုန်း ၂ လုံး၊ Hilux အမျိုးအစား မော်တော်ယာဉ်တစ်စီးနှင့် မော်တော်ဆိုင် ကယ်တစ်စီးတို့ကို သိမ်းဆည်းရမိခဲ့သည်။

အလားတူ ယင်းနေ့နံနက် ၉ နာရီခွဲက ကံမော်နယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် ကျွန်းစုမြို့နယ်၊ စခန်းသစ်ကျေးရွာအုပ်စု၊ စခန်းသစ်ကျေးရွာနေ ဒေါ်မိရွှေတင်၏ နေအိမ်ကို ရှာဖွေရာ ဘိန်းစာမှုန့် ၇၇ ဒသမ ၅ ကီလို သိမ်းဆည်းရမိခဲ့၍ ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။

ကိုရဲ