ဆေးခြောက် နေစဉ်သုံးစွဲခြင်းနှင့် စိတ်ရောဂါဟာ အကြီးအကျယ် ဆက်နွယ်နေကြောင်း လေ့လာတွေ့ရှိ

ဆေးခြောက် (THC- high) ကို စွဲစွဲလမ်းလမ်းဖြစ်လာရင် တနည်းအားဖြင့် နေ့စဉ်သုံးစွဲခဲ့ပါက ဆေးခြောက်သုံးစွဲခြင်းနှင့် စိတ်ကစဉ့်ကလျား ရောဂါများဖြစ်တဲ့ စကင်ဆိုဖေးနီးယားနဲ့ ပါရာနိုယား ရောဂါဖြစ်နိုင်ခြင်းတို့ဟာ အကြီးအကျယ် ဆက်နွယ်နေကြောင်း ပညာရှင်များ က The Lancet Psychiatry ဂျာနယ်မှာ ရေးသားထား လိုက်ပါတယ်။ 
အိန္ဒိယထိန်းချုပ်ထားသော ကက်ရှ်မီးယား တွင် တပ်ဖွဲ့ဝင်အချင်းချင်း ပစ်ခတ် သုံးဦးသေဆုံး
အိန္ဒိယထိန်းချုပ်ထားသော ကက်ရှ်မီးယားတွင် ဗဟိုအရန်ရဲတပ်ဖွဲ့ (CRPF) ၏ တပ်ဖွဲ့ဝင်တစ်ဦးသည် ၎င်း၏ လုပ်ဖော်ကိုင်ဖက် သုံးဦးကို ပစ်ခတ်ခဲ့ပြီးနောက် သူ့ကိုယ်သူ ပစ်ခတ်ခဲ့ရာ ဒဏ်ရာရရှိခဲ့ကြောင်း ယင်းတပ်ဖွဲ့တာဝန်ရှိသူ ဟရင်ဒါ ကူမား က မီဒီယာကို ပြောကြားခဲ့သည်။
ဂျပန်တွင် ပြည်တွင်းရွေးကောက်ပွဲ စည်းရုံးလှုံ့ဆော်ရေး စတင်ပြုလုပ်
ဂျပန်နိုင်ငံတွင် စီရင်စုနယ် အုပ်ချုပ်ရေးမှူးများ အဖြစ်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းများသည်  လာမည့် ဧပြီလ ရွေးကောက်ပွဲမတိုင်မီ  ၎င်းတို့၏ စည်းရုံးလှုံ့ဆော်မှုများကို လမ်းများပေါ်ထွက် ပြုလုပ်ခဲ့ကြကြောင်း သိရသည်။
ဘိုအင်းလေယာဉ်ပျက်ကျမှုများ အမေရိကန်အထက်လွှတ်တော် ကြားနာမည်
မကြာသေးမီ ကာလအတွင်းက ဘိုအင်း ၇၃၇ ခရီးသည်တင်လေယာဉ်များပါဝင်သော  လေယာဉ်ပျက်ကျမှုဖြစ် ရပ်နှစ်ခုကို အမေရိကန် အထက်လွှတ်တော်က ကြားနာမည်ဖြစ်သည်။
G-20 အစည်းအဝေးပွဲတွင် အွန်လိုင်းအကြမ်းဖက်ဝါဒ ဆွေးနွေးမည်
G-20 ထိပ်သီးအစည်းအဝေးပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် ဂျပန်နိုင်ငံအနေဖြင့် အင်တာနက်နှင့် အကြမ်းဖက်ဝါဒများကြား ချိတ်ဆက်မှုကို  ဆွေးနွေးရန် အစီအစဉ်ရှိသည်ဟု  ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက ပြောကြားခဲ့သည်။
မိုဇမ်ဘစ်နိုင်ငံက ဆိုင်ကလုန်းဒဏ်ခံရသူတွေကို ကူညီရေးမှာ အခက်အခဲရှိနေဆဲ
အဖရိကတောင်ပိုင်းရှိ နိုင်ငံသုံးနိုင်ငံမှာ တိုက်ခိုက်သွားတဲ့ ဆိုင်ကလုန်း အိုင်ဒိုင်းဒဏ်ခံရသူတွေ လူသားချင်းဆိုင်ရာ အကူအညီပေးရေးမှာ အခက်အခဲများ ဆက်လက်ရှိနေကြောင်း ကယ်ဆယ်ရေးအဖွဲ့တွေက ဗုဒ္ဓဟူးနေ့က ပြောကြားလိုက်ပါတယ်။ 
ကာဇစ်စတန်သမ္မတ နာဇာဘေးအိဗ် ရာထူးမှနှုတ်ထွက်
ကာဇစ်စတန်နိုင်ငံ သမ္မတ နာဆူလတန် နာဇာဘေးအိဗ် သည် နှစ်သုံးဆယ် နီးပါး တာဝန်ထမ်းဆောင်ပြီးနောက် ယမန်နေ့က ၎င်းရာထူးမှ ရုတ်တရက်နှုတ်ထွက်ကြောင်း ကြေညာခဲ့သည်။