ဆေးခြောက် နေစဉ်သုံးစွဲခြင်းနှင့် စိတ်ရောဂါဟာ အကြီးအကျယ် ဆက်နွယ်နေကြောင်း လေ့လာတွေ့ရှိ

၂၁ မတ် 

 

ဆေးခြောက် (THC- high) ကို စွဲစွဲလမ်းလမ်းဖြစ်လာရင် တနည်းအားဖြင့် နေ့စဉ်သုံးစွဲခဲ့ပါက ဆေးခြောက်သုံးစွဲခြင်းနှင့် စိတ်ကစဉ့်ကလျား ရောဂါများဖြစ်တဲ့ စကင်ဆိုဖေးနီးယားနဲ့ ပါရာနိုယား ရောဂါဖြစ်နိုင်ခြင်းတို့ဟာ အကြီးအကျယ် ဆက်နွယ်နေကြောင်း ပညာရှင်များ က The Lancet Psychiatry ဂျာနယ်မှာ ရေးသားထား လိုက်ပါတယ်။ 

 

mdn

 

ပြင်းအားကောင်း ဆေးခြောက် (THC- high) ဟာ ပြင်းအားနည်း ဆေးခြောက် (THC- low) ထက် စိတ်ကျန်းမာရေးကို ထိခိုက်နိုင်တယ်လို့ သုတေသနပညာရှင်တွေက ဆိုပါတယ်။ 

 

အမ်စတာဒမ် နှင့် လန်ဒန်  မှာ ကို နှိုင်းယှဉ်ကြည့်ရင် ပြင်းအားကောင်း ဆေးခြောက်ရနိုင်တဲ့ အမ်စတာဒမ်မှာ စိတ်ပိုင်းဆိုင်ရာရောဂါရှင် အသစ်  ၅၀ ရာခိုင်နှုန်းဖြစ်နိုင်ပြီး လန်ဒန်မှာတော့  ၃၀ ရာခိုင်နှုန်းသာ ဖြစ်နိုင်တယ်လို့ လေ့လာချက်မှာ ဖော်ပြထားပါတယ်။  

 

ဆေးခြောက်ကို နေ့စဉ်သုံးသူဟာ ဆေးခြာက်မသုံးစွဲထက် စိတ်ရောဂါ ပထမအဆင့်ကို ၃ ဆ ပိုပြီး ဖြစ်နိုင်ကြောင်းနှင့် ပြင်းအားကောင်း ဆေးခြောက်ကို နေ့စဉ်သုံးစွဲသူဟာ ဆေးခြောက်မသုံးစွဲသူ ထက် စိတ်ရောဂါ ပထမအဆင့်ကို ၅ ဆ ပို့ပြီးဖြစ်နိုင်ကြောင်း သုတေသန ပညာရှင်တွေက ရှင်းပြပါတယ်။ 

 

MDN 
ကိုးကား - AFP