ဘိုအင်းလေယာဉ်ပျက်ကျမှုများ အမေရိကန်အထက်လွှတ်တော် ကြားနာမည်

မကြာသေးမီ ကာလအတွင်းက ဘိုအင်း ၇၃၇ ခရီးသည်တင်လေယာဉ်များပါဝင်သော  လေယာဉ်ပျက်ကျမှုဖြစ် ရပ်နှစ်ခုကို အမေရိကန် အထက်လွှတ်တော်က ကြားနာမည်ဖြစ်သည်။

 

လာမည့် ဗုဒ္ဓဟူးနေ့တွင်ကျင်းပမည့် သယ်ယူပို့ဆောင်ရေးဘေးကင်းလုံခြုံမှု ကြားနာမှုတွင် ဗဟိုအစိုးရ လေ ကြောင်းပျံသန်းရေးအာဏာပိုင်အဖွဲ့နှင့် အမျိုးသား သယ်ယူပို့ဆောင်ရေး ဘေးအန္တရာယ်ကင်းရေးဘုတ်အဖွဲ့မှ ထိပ်တန်းတာဝန်ရှိသူများ ပါဝင်မည်ဖြစ်သည်။

 

mdn

 

အဆိုပါ ကော်မတီက ဘိုးအင်းလေယာဉ်မှ တာဝန်ရှိသူများနှင့် လေကြောင်းလိုင်း လေယာဉ်မှူးတို့၏ အသံ များကို နားထောင်ရန် မဝေးတော့သည့် အနာဂတ်တွင် သီးခြားအစည်းအဝေးတစ်ရပ် ကျင်းပရန် စီစဉ်လျက်ရှိသည်။

 

အောက်တိုဘာလအတွင်းက အင်ဒိုနီးရှားလေယာဉ်နှင့် ယခုလအစောပိုင်းက ဖြစ်ပွားခဲ့သည်  အီသီယိုပီးယား လေယာဉ်ပျက်ကျမှုတို့မှာ လေယာဉ်ထွက်ခွာပြီးချင်း ပျက်ကျခဲ့ခြင်းဖြစ်သည်။

 

mdn

 

မြင့်မားသော လေယာဉ်ကို  သတိဖြင့် ကာကွယ်မောင်းနှင်ရန် ပြုလုပ်ထားသည့်စနစ် ရုတ်တရက် အရှိန်လျှော့ချ သွားပြီး ချို့ယွင်းမှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု လေကြောင်းဆိုင်ရာ ကျွမ်းကျင်သူများက ထောက်ပြထားသည်။

 

ဘိုအင်း ၇၃၇ မက် ၈၏ ကြားနာမှုတွင် လေယာဉ်ပျက်ကျမှုကို အတည်ပြုပေးရန် FAA’s ဆုံးဖြတ်မှုမှာ မတော်တဆဖြစ်ရပ် ဖြစ်ပေါ်စေသည့် မည်သည့်အရာက ဖြစ်ပေါ်စေခဲ့သည်ကို ကြားနာမည်ဟု မျှော်လင့် ရသည်။

 

ထိုသို့သောပျက်ကျမှုများကြောင့် အမေရိကန်ပြည်ထောင်စုအပါအဝင် ကမ္ဘာတစ်ဝန်း၌ MAX 8 လေယာဉ်များ ပျံသန်းမှုရပ်နားသည်အထိ ဖြစ်စေခဲ့သည်။

 

ကိုးကား-အန်အိတ်ချ်ကေ

ဘာသာပြန်-မေဇော်ထက်