ပါကစ္စတန်နိုင်ငံ၌ ဗုံးပေါက်ကွဲမှုကြောင့် လူသုံးဦးသေဆုံး၊ ၂၄ ဦးဒဏ်ရာရ
ပါကစ္စတန်နိုင်ငံအနောက်တောင်ပိုင်း ကတ်တာမြို့တွင် ယမန်နေ့ညနေပိုင်းက ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့သဖြင့် လူသုံးဦးထက်မနည်းသေဆုံးပြီး အခြား ၂၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်း တာဝန်ရှိသူတစ်ဦး ပြောကြားသည်။





