မွန်ဂိုလီးယားတွင် ရေကြီးမှုဖြစ်ပွား လူရှစ်ဦးနှင့် တိရစ္ဆာန်ကောင်ရေ ၇၀ဝ၀ ကျော် သေဆုံး

မွန်ဂိုလီးယားပြည်နယ် အချို့တွင် ဇူလိုင် ၃ ရက်နှင့် ၄ ရက်နေ့က မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးမှုများ ဖြစ်ပွားပြီး လူ ရှစ်ဦးနှင့် တိရစ္ဆာန်ထောင်ချီ သေဆုံးခဲ့ပြီး ထောင်ချီရှိသော လူနေအိမ်များ မျောပါသွားခဲ့သည်ဟု နိုင်ငံအရေးပေါ် စီမံခန့်ခွဲမှုအေဂျင်စီ(NEMA)  က ယနေ့ သတင်းထုတ်ပြန်ခဲ့သည်။
တောင်ကိုရီးယားတွင် ကိုဗစ်-၁၉ ရောဂါ ထပ်မံကူးစက်ခံရသူ ၄၄ ဦးရှိ
တောင်ကိုရီးယားနိုင်ငံတွင် တစ်ရက်အတွင်း ကိုဗစ်-၁၉ ထပ်မံကူးစက်ခံရသူ ၄၄ ဦး ရှိလာပြီး ကူးစက်ခံရသူပေါင်း ၁၃၁၈၁ ဦး အထိ မြင့်တက်လာသည်။
အွန်လိုင်း သင်ခန်းစာ သင်ယူမယ့် ကျောင်းသားများအား အမေရိကန်ဗီဇာ မပေးတော့ကြောင်း ထုတ်ပြန်
အမေရိကန်နိုင်ငံမှာ ဆောင်းဦးတွင် စတင်မယ့် ပညာသင်နှစ်ကို  အွန်လိုင်းမှတစ်ဆင့် သင်ကြားပေးရန် စီစဉ်နေတဲ့ ကျောင်းတွေမှာ ပညာသင်ယူမယ့် ကျောင်းသားတွေအား ပြည်ဝင်ခွင့်ဗီဇာ မပေးတော့ကြောင်း တနင်္လာနေ့က ကြေညာပါတယ်။ 
အင်ဒိုနီးရှား အနောက်ပိုင်း၌ အင်အားပြင်း ငလျင် လှုပ်ခတ်ခဲ့သော်လည်း ဆူနာမီ သတိပေးချက် မထုတ်ပြန်
အင်ဒိုနီးရှားနိုင်ငံ အနောက်ဂျာဗားကျွန်း အလယ်ပိုင်းတွင် ယနေ့ နံနက်ပိုင်းက အင်အား ၆ ဒသမ ၁ အဆင့်ရှိ အင်အားပြင်း ငလျင်တစ်ခု လှုပ်ခတ်ခဲ့သော်လည်း ဆူနာမီ ဖြစ်ပေါ်မည့် အလားအလာ မရှိကြောင်း အင်ဒိုနီးရှားနိုင်ငံ မိုးလေဝသနှင့် ဘူမိဗေဒအေဂျင်စီက ပြောကြားခဲ့သည်။
ဂျပန်နိုင်ငံ ကျူရှူးကျွန်းတွင် မိုးသည်းထန်စွာ ရွာသွန်းနိုင်ကြောင်း သတိပေး
ကျူးရှူးအနောက်ပိုင်း ဖူကူကိုကာ၊ ဆာဂါနှင့် နာဂါစကီစီရင်စုတို့တွင် မိုးသည်းထန်စွာ ရွာသွန်းနိုင်ကြောင်း ဂျပန်နိုင်ငံမိုးလေဝသ အေဂျင်စီက ကြေညာချက်တစ်ရပ် ထုတ်ပြန်ခဲ့သည်။
သီရိလင်္ကာတွင် လူပေါင်း ၁၀ဝ၀ဝ၀ ကျော် မိုးခေါင်မှုဒဏ်ခံရ
သီရိလင်္ကာနိုင်ငံတွင် မုတ်သုံမိုး ရွာသွန်းမှု မရှိသောကြောင့် နေရာတော်တော်များများတွင် လူပေါင်း ၁၀ဝ၀ဝ၀ ကျော် မိုးခေါင်မှုဒဏ် ခံစားနေရသည်ဟု သီရိလင်္ကာ သဘာဝ ဘေးအန္တရာယ် စီမံခန့်ခွဲရေး စင်တာက နောက်ဆုံးရရှိသော အချက်အလက်အရ ယမန်နေ့က ပြောကြားခဲ့သည်။