တောင်ကိုရီးယား၌ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရန် ခပ်ခွာခွာနေရေး စည်းကမ်းချက်များအား သက်တမ်းထပ်တိုး

တောင်ကိုရီးယားအစိုးရသည် နိုင်ငံအတွင်း ပြန်လည်ဖြစ်ပွားလာသည့် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုထိန်းချုပ်ရန် ချမှတ်ထားသည့် တင်းကျပ်သော ခပ်ခွာခွာနေရေး စည်းမျဉ်းစည်းကမ်းများကို နောက်ထပ်သီတင်းပတ် နှစ်ပတ် သက်တမ်းထပ်တိုးရန် ယနေ့ဆုံးဖြတ်လိုက်သည်။
အစ္စရေး၌ နှစ်ပတ်အတွင်း လူဦးရေ ၉၅၀ဝ၀ဝ ကျော် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေး
အစ္စရေးအစိုးရသည် နိုင်ငံ၏ လူဦးရေ ၉၅၀ဝ၀ဝ ကျော်ကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခဲ့ပြီဖြစ်ကြောင်း အစ္စရေးကျန်းမာရေးဝန်ကြီးဌာနက ယနေ့ထုတ်ပြန်သည်။
ဗန်ကောက်မြို့၌ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရန် စာသင်ကျောင်းများ သီတင်းပတ်နှစ်ပတ် ပိတ်မည်
ထိုင်းနိုင်ငံ၏ မြို့တော်ဗန်ကောက်တွင် ကိုဗစ်-၁၉ ရောဂါကူးစက်မှု ဆက်လက် ပျံ့နှံ့နေသည့်အတွက် စာသင်ကျောင်းများ၊ အားကစားရုံများနှင့် ဖျော်ဖြေရေးပန်းခြံများ အပါအဝင် မြို့ပေါ်ရှိ ပွဲတော်ကျင်းပရာ နေရာများကို ယာယီပိတ်ထားရန် ဗန်ကောက်မြို့အုပ်ချုပ်ရေးအဖွဲ့က ယနေ့ အမိန့်ထုတ်ပြန်လိုက်သည်။
အာဂျင်တီးနားနိုင်ငံ၌ AstraZeneca/Oxford ဗိုင်းရပ်စ် ကာကွယ်ဆေး သုံးစွဲခွင့်ပြုလိုက်ပြီ
အာဂျင်တီးနားနိုင်ငံ၌ AstraZeneca/Oxford မှ ထုတ်လုပ်တဲ့ ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးကို ဒုတိယမြောက် သုံးစွဲခွင့်ပြုလိုက်တဲ့နိုင်ငံ ဖြစ်ပါတယ်။
ဗိုင်းရပ်စ်ပိုးနဲ့ ပတ်သတ်တဲ့ အခက်အခဲတွေဟာ ၂၀၂၁ ခုနှစ်မှာလည်း ရင်ဆိုင်ရမယ်လို့ ဂျာမန်ဝန်ကြီးချုပ် သတိပေးပြောဆို
ဂျာမနီ ဝန်ကြီးချုပ် အင်ဂျလာမာကယ် က ကိုရိုနာဗိုင်းရပ်စ် ရောဂါကာကွယ်ဆေး ထိုးနှံပေးနေပေမယ့် ဗိုင်းရပ်စ်ပိုးနဲ့ ပတ်သက်တဲ့ အခက်အခဲတွေဟာ ၂၀၂၁ ခုနှစ် အထိရောက်သွားမှာ ဖြစ်ကြောင်း ဒီနေ့ (ကြာသပတေးနေ့) တွင် ပြောကြားတဲ့ နှစ်သစ်ကူး မိန့်ခွန်းမှာ ထည့်သွင်းပြောကြားပါတယ်။
ကနေဒါနိုင်ငံသို့ လာရောက်မည်ဆိုပါက ကိုရိုနာဗိုင်းရပ်စ်ပိုး မရှိကြောင်း ဆေးစစ်ချက် လိုအပ်
ကနေဒါနိုင်ငံသို့ လာရောက်မယ့် ခရီးသွားတွေဟာ နိုင်ငံကို မဝင်ရောက်မီ ကိုရိုနာဗိုင်းရပ်စ်ပိုး မရှိကြောင်း ဆေးစစ်ချက်ပါရှိရမှာ ဖြစ်ကြောင်း ဗုဒ္ဓဟူးနေ့က ကြေညာပါတယ်။ 
အမေရိကန်နိုင်ငံ၌ ကိုရိုနာ ဗိုင်းရပ်စ်ကြောင့် တစ်ရက်အတွင်း ၃,၉၀၀ ကျော် သေဆုံး
အမေရိကန် နိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် ၂၄ နာရီအတွင်း သေဆုံးသူ ၃,၉၀၀ ကျော်ရှိကြောင်း ဂျွန်ဟော့ကင်း တက္ကသိုလ်ရဲ့ ဗုဒ္ဓဟူးနေ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။