တူနီးရှားနိုင်ငံ၌ စစ်ရဟတ်ယာဉ်ပျက်ကျမှုကြောင့် စစ်သားလေးဦးသေဆုံး

ဇွန် ၉

 

တူနီးရှားနိုင်ငံ ဘီဇာတီပြည်နယ်တွင် စစ်ရဟတ်ယာဉ်ပျက်ကျမှုကြောင့်သေဆုံးခဲ့သော စစ်သားလေးဦးအနက် နှစ်ဦး၏ရုပ်အလောင်းကို ရှာဖွေတွေ့ရှိခဲ့သည်ဟု တူနီးရှားကာကွယ်ရေးဝန်ကြီးဌာနက ယမန်နေ့က ထုတ်ပြန်ကြေညာခဲ့သည်။

 

ထိုရဟတ်ယာဉ်ပျက်ကျမှုမှ လက်ရှိအချိန်အထိ ရဟတ်ယာဉ်အပျက်အစီးများနှင့်ရုပ်အလောင်းနှစ်လောင်းကို တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ထိုဝန်ကြီးဌာနက ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

ကျန်ရှိနေသေးသောစစ်သားများ၏ ရုပ်အလောင်းများ ရှာဖွေခြင်းကို ဆက်လက်လုပ်ဆောင်လျက်ရှိသည်ဟု ထပ်လောင်းဖော်ပြထားသည်။

 

ကာကွယ်ရေးဝန်ကြီးဌာနက စစ်သားလေးဦး၊ စစ်ရဟတ်ယာဉ်တစ်စီးတို့နှင့် အဆက်အသွယ်ပြတ်တောက်ခဲ့ကြောင်း ထိုရက်အစောပိုင်းက ထုတ်ပြန်ကြေညာခဲ့သည်။

 

တူနီးရှားနိုင်ငံမြောက်ပိုင်း ဘီဇာတီပြည်နယ် ကတ်ပ်စီရတ်ဒေသတွင် ညပိုင်းပျံသန်းမှုလုပ်ဆောင်နေစဉ် ဇွန်လ ၇ ရက်ညနေပိုင်းမှစတင်ကာ ဆက်သွယ်မှုများပြတ်တောက်သွားခဲ့ခြင်းဖြစ်သည်ဟု ထိုဝန်ကြီးဌာနက ပြောကြားသည်။

 

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို