တန်ဖိုးမဖြတ်နိုင်ငံတဲ့ ရတနာပစ္စည်းတွေ ဂျာမနီအစိုးရပိုင်ပြတိုက်ကနေ အခိုးခံရ
ဂျမနီနိုင်ငံ အရှေ့ပိုင်းရှိ ဒရက်ဒန် ဂရင်းဗော့ပြတိုက်မှာ ပြသထားတဲ့ ၁၈ ရာစုလက်ရာ ရတနာပစ္စည်းတွေဟာ တနင်္လာနေ့ မနက်စောပိုင်းက အခိုးခံခဲ့ရကြောင်း သိရပါတယ်။ အဲဒီပြတိုက်ဟာ တန်ဖိုးရှိတဲ့ ဆင်စွယ်၊ ရွှေနဲ့ ငွေတို့နဲ့ ပြလုပ်ထားတဲ့ ပစ္စည်းတွေနဲ့အတူ ရတနာပစ္စည်း ၄,၀၀၀ လောက်ရဲ့ အိမ်ဖြစ်ပါတယ်။





