ရုရှားနိုင်ငံမှာ အနောက်နိုင်ငံကအစားအစာတင်ပို့မှု ပိတ်ပင်ပြီးငါးနှစ်အကြာ ရုရှားချိစ် ထိပ်တန်းရောက်ရှိ 

ရုရှားနိူင်ငံသူ အယ်ဗီယာ ကော့တင်ဟာ လွန်ခဲ့တဲ့လေးနှစ်ကတည်းက သူမရဲ့ မီးဖိုခန်းမှာ အိုးတစ်လုံးကို သုံးပြီး ပထမဦးဆုံး ချိစ်ကို လုပ်ဆောင်ခဲ့ပါတယ်။ ကော့တင်ဟာ ကိုယ့်ဘာသာ ချိစ်လုပ်နည်းကိုလေ့လာသူ အိမ်ရှင်မတစ်ဦးဖြစ်ပြီး ချိစ်လုပ်တာကို စိတ်ဝင်စားလွန်းတဲ့အတွက် စီးပွားဖြစ်လုပ်ဆောင်ဖို့ သူမခင်ပွန်း တိုင်ပင်ပြီး ပြုလုပ်လာသူဖြစ်ပါတယ်။ 
ကော်ဖီဆိုင်အကြမ်းဖက်တိုက်ခိုက်မှုနှင့်ပတ်သက်ပြီး စစ်သွေးကြွ ခုနစ်ဦးကို ဘင်္ဂလားဒေ့ရှ်တရားရုံးက သေဒဏ်ချမှတ်
၂၀၁၆ ခုနှစ်က ဘင်္ဂလားဒေ့ရှ်နိုင်ငံ မြို့တော် ဒါကာမြို့တော် သံတမန်နယ်မြေ ဂူရှန် ရှိ Holey Artisan Bakery ကော်ဖီဆိုင် အကြမ်းဖက်တိုက်ခိုက်မှုနှင့် ပတ်သက်ပြီး စစ်သွေးကြွ ခုနစ်ဦးအား ဘင်္ဂလားဒေ့ရှ်တရားရုံးက စစ်သွေးကြွ ခုနစ်ဦးအား ယနေ့ သေဒဏ်ချမှတ်ခဲ့သည်ဟု သိရသည်။
၂၀၁၈ ခုနှစ်အတွင်း AIDS ကြောင့် ကလေးငယ် ၁၂၀၀၀၀ သေဆုံး
ပြီးခဲ့သည့်နှစ်က အေအိုင်ဒီအက်စ်နှင့် ဆက်စပ်သောရောဂါများကြောင့် အသက် ၁၉ နှစ်အောက် လူပေါင်း ၁၂၀၀၀၀ သေဆုံးခဲ့ကြောင်း UNICEF၏ နောက်ဆုံးထုတ်ပြန်သည့် အစီရင်ခံစာအရ သိရသည်။
သီရိလင်္ကာသမ္မတက ပြည်နယ်ဝန်ကြီးအသစ် ၃၅ ဦးနှင့် ဒုတိယဝန်ကြီးအသစ် သုံးဦးတို့ကို ခန့်အပ်
သီရိလင်္ကာသမ္မတ ဂိုတာဘာရာ ရာဂျာပါစကာသည် ပြည်နယ်ဝန်ကြီးအသစ် ၃၅ ဦးနှင့် ဒုတိယဝန်ကြီးအသစ် သုံးဦး တို့ကို လာမည့် ပါလီမန်ရွေးကောက်ပွဲထုတ်ပြန်သည့်တိုင်အောင်  တာဝန်ထမ်းဆောင်ရန် ကြားဖြတ်အစိုးရအသစ် လက်ထက်တွင် ယနေ့ ခန့်အပ်ခဲ့သည်ဟု သိရသည်။
မာလီမှာ ဂျီဟတ်စစ်ဆင်ရေးအတွင်း ရဟတ်ယာဉ်နှစ်စင်းတိုက်မိရာ ပြင်သစ်စစ်သား ၁၃ ဦးသေဆုံး
မာလီနိုင်ငံမြောက်ပိုင်းက ဂျီဟတ်စစ်ဆင်ရေးအတွင်း ရဟတ်ယာဉ်နှစ်စင်းတိုက်မိရာ ပြင်သစ်စစ်သား ၁၃ ဦး သေဆုံးကြောင်း တာဝန်ရှိသူတွေက အင်္ဂါနေ့က အတည်ပြုပြောကြားပါတယ်။ အခုဆုံးရှုံးမှုဟာ နှစ်လေးဆယ်နီးပါးအတွင်း ဖြစ်စဉ်တစ်ခုတည်းမှာ အကြီးမားဆုံး ဆုံးရှုံးမှုဖြစ်ပါတယ်။ 
ပလပ်စတစ်ခုနှစ်ကီလိုဂရမ်ကို သေဆုံးနေတဲ့ သမင်တစ်ကောင်ရဲ့ ဝမ်းအတွင်းမှာတွေ့ရှိ
ထိုင်းနိုင်ငံမြို့တော်ရဲ့ ဗန်ကောက်မြို့ရဲ့ မြောက်ပိုင်းရှိ  နန်းဒေသရဲ့ အမျိုးသားဥယျာဉ်အတွင်းမှာ တောရိုင်းသမင် တစ်ကောင် သေဆုံးရာ သေဆုံးတဲ့ သမင်ကို စစ်ဆေးရာ ပလပ်စတစ်အမှိုက် ခုနှစ် ကီလိုဂရမ်ကို တွေ့ရှိခဲ့ပါတယ်။ အခုအခြေအနေဟာ နိုင်ငံ့ရဲ့ ရေနဲ့ သစ်တောအတွင်းရှိ ပလပ်စတစ်အမှိုက်တွေကို သတိထားဖို့အတွက် ခေါင်းလောင်း ထိုးလိုက်တာဖြစ်ကြောင်း တာဝန်ရှိသူက မနေ့က ပြောကြားပါတယ်။ 
အယ်ဘေးနီးယားတွင် ငလျင်လှုပ်ခတ်မှုကြောင့် ၂၃ဉီးသေ၊ ၆၅၀ ဒဏ်ရာရ
အယ်ဘေးနီးယားတွင် အင်းအားပြင်းငလျင်ကြောင့် သေဆုံးသူအနည်းဆုံး၂၃ ဦးအထိ ရှိလာပြီဖြစ်ပြီး ကယ်ဆယ်ရေးလုပ်ငန်းများလည်း ဆက်လက်လုပ်ဆောင်လျက်ရှိသည်ဟု ဆိုသည်။