သမ္မတ ဒေါ်နယ်ထရန့် အာဖဂန်နစ္စတန်နိုင်ငံသို့ သွားရောက်
အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်သည် ကြိုတင်ကြေညာထားခြင်းမရှိဘဲ အာဖဂန်နစ္စတန်နိုင်ငံသို့ သွားရောက်ခဲ့သည်။ ထရန့်သည် အမေရိကန်တပ်များကို နှုတ်ခွန်းဆက်စကားပြောဆိုပြီး တာလီဘန်နှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲ ပြန်လည်စတင်ပြီဖြစ်ကြောင်း ကြေညာခဲ့သည်။




