ရွေးကောက်ပွဲ မသမာမှုများ ရှိသည်ဆိုသည့် ပြောကြားချက် ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ပယ်ချ

ဒါကာ ၁  ဇန်နဝါရီ 

အခက်အခဲများကြားက ကျင်းပခဲ့ရတဲ့ ကွန်ဂိုရွေးကောက်ပွဲ

ခြူးစန္ဒီနွေး

 

တိုကျိုမြို့တွင် ခြေကျင်လျှောက်နေသည့် လူအုပ်စုတွင်းသို့ မော်တော်ယာဉ်ဖြင့် ဝင်တိုက်၊ ရှစ်ဦးဒဏ်ရာရ
ဂျပန်နိုင်ငံမြို့တော် တိုကျိုရှိလမ်းတစ်လမ်းပေါ်၌ ခြေကျင်လျှောက်နေသည့် လူအုပ်စုအတွင်းသို့ မော်တော်ယာဉ်ဖြင့် မောင်းနှင်ဝင်တိုက်ခဲ့သည့် အသက် ၂၁ နှစ်အရွယ်အမျိုးသားတစ်ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့သည်။ နှစ်သစ်ကူးချိန်တွင် ဖြစ်ပွားခဲ့သည့် ယင်းဖြစ်ရပ်ကြောင့် လူရှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု အင်န်အိတ်ချ်ကေ သတင်းတွင် ဖော်ပြသည်။
ရုရှား၌ ဓာတ်ငွေ့ပေါက်ကွဲကာ ပြိုကျခဲ့သည့် အဆောက်အအုံအတွင်းမှ ကလေးငယ်တစ်ဦး အသက်ရှင်လျက်တွေ့ရှိ
ရုရှားနိုင်ငံတွင် ဒီဇင်ဘာ ၃၁ ရက်က ဓာတ်ငွေ့ပေါက်ကွဲမှုဖြစ်ကာ ပြိုကျခဲ့သော လူနေအိမ်အဆောက်အအုံ၏ အပျက်အစီးများအောက်တွင် ကလေးငယ်တစ်ဦးအား အသက်ရှင်လျက်တွေ့ရှိ၍ ကယ်ဆယ်နိုင်ခဲ့ကြောင်း ယနေ့အေအက်ဖ်ပီသတင်းတစ်ရပ် အရ သိရသည်။
၂၀၁၈ ခုနှစ်အတွင်း အစ္စရေးလူဦးရေ ကိုးသန်းပြည့်ရန် နီးကပ်လာ
အစ္စရေးနိုင်ငံ၏လူဦးရေသည် ၂၀၁၈ ခုနှစ် ကုန်ဆုံးချိန်တွင် ၈ ဒသမ ၉၇ သန်းရှိခဲ့ပြီး ၂၀၁၇ ထက် နှစ်ရာခိုင်နှုန်းတိုးလာကြောင်း ဒီဇင်ဘာ ၃၁ ရက်က ထုတ်ပြန်သည့် တရားဝင်ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
သမ္မတထရန့်နှင့် တွေ့ဆုံဆွေးနွေးရန် အဆင်သင့်ဖြစ်ကြောင်း ခေါင်းဆောင်ကင်ဂျုံအန်ဆို
မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်က အမေရိကန် သမ္မတဒေါ်နယ်ထရန့်နှင့် ထပ်မံတွေ့ဆုံရန် အဆင်သင့် ဖြစ်ပါကြောင်းနှင့် သူ၏ နျူကလီးယားလက်နက် အပြီးတိုင် ကင်းစင်ပပျောက်ရေးကတိကဝတ်ကို ထိန်းသိမ်းလျက်ရှိပါကြောင်း ပြောကြားခဲ့သည်ဟု ယနေ့သတင်းများအရ သိရသည်။