ရုရှား၌ ဓာတ်ငွေ့ပေါက်ကွဲကာ ပြိုကျခဲ့သည့် အဆောက်အအုံအတွင်းမှ ကလေးငယ်တစ်ဦး အသက်ရှင်လျက်တွေ့ရှိ

မော်စကို ၂ ဇန်နဝါရီ 

ရုရှားနိုင်ငံတွင် ဒီဇင်ဘာ ၃၁ ရက်က ဓာတ်ငွေ့ပေါက်ကွဲမှုဖြစ်ကာ ပြိုကျခဲ့သော လူနေအိမ်အဆောက်အအုံ၏ အပျက်အစီးများအောက်တွင် ကလေးငယ်တစ်ဦးအား အသက်ရှင်လျက်တွေ့ရှိ၍ ကယ်ဆယ်နိုင်ခဲ့ကြောင်း ယနေ့အေအက်ဖ်ပီသတင်းတစ်ရပ် အရ သိရသည်။

အဆိုပါ အဆောက်အအုံ ပြိုကျမှုတွင် လူခုနစ်ဦး အနည်းဆုံး သေဆုံးခဲ့ရပြီး ဒါဇင်ပေါင်းများစွာ ပျောက်ဆုံး လျက်ရှိကြောင်း သိရသည်။

ထုတ်လွှင့်ပြသ ကယ်ဆယ်ရေးလုပ်ငန်းများဆောင် ရွက်နေစဉ် ကလေးငိုသံကြားခဲ့ရကြောင်းနှင့် ပုခက်တစ်ခုအတွင်းတွင် စောင်များဖြင့် နွေးထွေးစွာထုပ်ပိုး ထားသော ကလေးငယ်အား တွေ့ရှိခဲ့ရသည်ဟု ချီလီယာဘန့်စ်ပြည်နယ် အုပ်ချုပ်ရေးမှူး ဘိုရစ် ဒူဘရိုဗ်စကီက သူ၏တွစ်တာ စာမျက်နှာတွင် ရေးသားခဲ့ကြောင်း သိရသည်။

အဆိုပါ ကလေးငယ်သည် အသက် ၁၀ လအရွယ် ယောကျာ်းလေးတစ်ဦး ဖြစ်သည်ဟု အရေးပေါ်အခြေအနေ ကယ်ဆယ်ရေး ဝန်ကြီးဌာနက ဆိုသည်။

ကလေးငယ်အား ကယ်ဆယ်စဉ် မှတ်တမ်းတင်ရိုက်ကူးခဲ့သည့် ဗီဒီယိုဖိုင်ကို ပြည်နယ်အုပ်ချုပ်ရေးမှူးက အင်တာနက်စာမျက်နှာတွင် ထုတ်လွှင့်ပြသခဲ့ကြောင်း သိရသည်။

ကလေးငယ်၏ မိခင်သည်လည်း အဆိုပါ ဓာတ်ငွေ့ပေါက်ကွဲကာအဆောက်အအုံ ပြိုကျပျက်စီးမှု အန္တရာယ်မှ လွတ်မြောက်လာခဲ့သည် ဟု RIA Novosti သတင်းအေဂျင်စီက သတင်းရေးသားထားကြောင်း သိရသည်။

ကလေးငယ်၏ ခြေ၊ လက်များတွင် နှင်းကိုက်နာများဖြစ်ပွားကာ ဦးခေါင်းဒဏ်ရာနှင့် ခြေထောက်အရိုးကျိုးပြီး အသက်အန္တရာယ် စိုးရိမ်ရသော အခြေအနေတွင် ရောက်ရှိနေသဖြင့် မော်စကိုမြို့ဆေးရုံသို့ ဆေးကုသမှုခံယူရန် ခေါ်ဆောင်သွား မည်ဖြစ်သည်ဟု ကျန်းမာရေးဝန်ကြီးဌာန၏ အစီရင်ခံစာ တစ်ရပ်အရ သိရသည်။ 

အေအက်ဖ်ပီ